မဟာစည် သာသန့ာရိပ်သာ
အမှတ်(16)၊ သာသနာ့ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ 01 541971, 01 545918
Visit Website
မဟာစည် မဟာကုသလကာရီ ဓမ္မသာလာခန်းမ အပေါ်ထပ်မှာ ဧည့်သည်အယောက် ၅ဝဝ ဧည့်ခံနိုင်ပြီး အယောက် ၃၅ဝ တပြိုင်တည်း တည်ခင်းကျွေးမွေးနိုင်ပါတယ်။ ဧည့် ၅ဝဝထက်ပိုရင် အောက်ထပ်ခန်းမကိုအသုံးပြုနိုင်ပါတယ်။
မင်္ဂလာအချိန်ကတော့ မနက် ၁ဝ နာရီကနေ နေ့လည် ၁၂နာရီ အထိ သတ်မှတ်ထားပါတယ်။ တစ်ရက်မှာ ပွဲချိန်တစ်ချိန်ပဲ လက်ခံပါတယ်။ ပွဲထွက်တာတို့၊ သီချင်းဖွင်တာတို့တော့ လုပ်လို့မရပါဘူး။ လက်မှတ်ထိုးပွဲကျင်းပလို့လည်း မရပါဘူး။
အကျွေးအမွေးနဲ့ ဧည့်ခံရေးကို ရိပ်သာက တာဝန်ယူဆောင်ရွက်ပေးပါတယ်။ (ပြင်ပအစားအစာ ကျွေးမွေးခွင့်မပြုပါ)
ကျောင်းမှာ ခန့်မှန်းခြေ သံဃာအပါး ၁၅ဝ -၂ဝဝ ရှိတတ်ပြီး သံဃာကုန် ဆွမ်းကပ်လှူပေးရမှာပါ။ ယောဂီတွေ သီလရှင်တွေကိုတော့ ကိုယ်တတ်နိုင်ရင် လှုဒါန်းနိုင်ပါတယ်။