အင်းယားကန်ဖျား ကျောင်းတိုက်

အင်းယားကန်ဖျား ကျောင်းတိုက်

အမှတ်(70)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
09 795555502

ကန်စပ်မှာ Decoration လှလှလေးပြင်ပြီး Signing ceremony လုပ်မယ်။ ရှုခင်းကောင်းကောင်းနဲ့ ဓာတ်ပုံလှလှလေးတွေ မှတ်တမ်းတင်မယ်။ မင်္ဂလာဦးဆွမ်းကပ်ပြီး ဆွေမျိူးတွေနဲ့ အရင်းနှီးဆုံးသူငယ်ချင်း၊ မိတ်ဆွေတွေကို ဧည့်ခံမယ်………

လူနည်းနည်းနဲ့ အေးအေးချမ်းချမ်း မင်္ဂလာပွဲလေးအတွက် အသင့်တော်ဆုံးနေရာလေးပါ။

ခန်းမက ဧည့် ၂ဝဝ ဝန်းကျင်လောက်ပဲ ဧည့်ခံနိုင်ပါတယ်။ ပွဲထွက်တာတို့၊ သီချင်းဖွင်တာတို့လုပ်လို့မရပါဘူး။ အကျွေးအမွေး၊ ခန်းမအပြင်အဆင်၊ ဧည့်ခံရေး နဲ့လိုအပ်တာတွေအားလုံး ကိုယ်တိုင်စီစဉ်ရမှာဖြစ်တဲ့အတွက် ကိုယ့်ခြေကိုယ့်လက် စိတ်တိုင်းကျ လုပ်ချင်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။ အိုးခွက်၊ ပန်းကန်တွေကတော့ ဘုန်းကြီးကျောင်းမှာ အဆင်သင့်ရှိပါတယ်။

သံဃာတွေကို နေ့ဆွမ်းကပ်ပြီး အလှူငွေလှူရပါမယ်။ သံဃာတော်အပါး ၃ဝ ဝန်းကျင်ရှိပါတယ်။