သုမင်္ဂလာရာမ လယ်တီဝိပဿနာကျောင်းတိုက်

သုမင်္ဂလာရာမ လယ်တီဝိပဿနာကျောင်းတိုက်

ကျိုက္ကဆံဘုရားအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
01 560710, 01 564743, 09253362355, 09 253228489, 09 772769406, 09 799305231, 09 253220409, 09 799588683

(၂ဝ၁၉ ဈေးနှုန်းတွေဖြစ်ပါတယ်)

သုမင်္ဂလာရာမ လယ်တီဝိပဿနာကျောင်းတိုက်မှာ မင်္ဂလာခန်းမ ၂ခုရှိပါတယ်။ ရွှေရတုခန်းမ(အောက်ထပ်) မှာ ဧည့်သည်အယောက် ၃၅ဝ တပြိုင်တည်း ဧည့်ခံနိုင်ပာတယ်။ ခန်းမက ပွဲထွက်လို့အရမ်းလှပါတယ်။ ခန်းမအလှူတော်ငွေ ၄သိန်းခွဲပါ။ ငွေရတုခန်းမ(အပေါ်ထပ်) မှာတော့ ဧည့်သည်အယောက် ၂၈ဝ တပြိုင်တည်း ဧည့်ခံနိုင်ပြီး ခန်းမအလှူတော်ငွေက ၃သိန်းပါ။ ငွေရတုခန်းမမှာ ဖိနပ်စီးလို့မရပါဘူး။ စားပွဲခုံတွေကတော့ အမြင့်တွေပါ။ ပွဲထွက်လို့ရပါတယ်။

ခန်းမအလှူတော်ငွေမှာ ပါဝင်တာတွေကတော့ ခန်းမအပြင်အဆင်၊ စင်မြင့်ဆိုဖာကုလားထိုင်၊ နောက်ခံစာတန်း၊ ပန်းအလှဆင်၊ လျောက်လမ်းပန်း၊ ဆိုင်းဘုတ် ကဗ္ဗည်းထိုး၊ လက်ဖွဲ့ခုံ၊ ငွေဖလား၊ အသံချဲ့စက်၊ Sound box၊ သန့်ရှင်းရေး ဝန်ဆောင်မှု တွေဖြစ်ပါတယ်။ တခြားဝန်ဆောင်ခတွေကတော့ ပြင်ပဗီဒီယို အသုံးပြုရင် ၂သောင်း၊ ပြင်ပဓာတ်ပုံ ၁သောင်း၊ အလှပြင်ခန်းမ အသုံးပြုခ ၂သောင်း၊ မီးပျက်ရင် မီးစက်ဆီဖိုး ၁သောင်း ပေးသွင်းရပါမယ်။ ကြိုတင်စရံငွေ ကျပ်တစ်သိန်းပါ။

သံဃာ ၅ပါး (သို့) သံဃာ ၁ဝပါးကို အာရုံဆွမ်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းနိုင်ပါတယ်။ ကျောင်းမှာ သံဃာ၊ သီလရှင်၊ ယောဂီ ၁၃ဝ ဝန်းကျင်ရှိပြီး ကိုယ်တတ်နိုင်ရင်တတ်နိုင်သလို လှုဒါန်းနိုင်ပါတယ်။

မင်္ဂလာအချိန်ကို မနက် (၉နာရီခွဲ – ၁၁နာရီခွဲ) တစ်ချိန်၊ နေ့လည် (၁နာရီ – ၃နာရီ) တစ်ချိန်၊ ညနေ (၄နာရီခွဲ– ၆နာရီခွဲ) တစ်ချိန် သတ်မှတ်ထားပါတယ်။

အကျွေးအမွေးအတွက် လူတစ်ဦးစာ ကုန်ကျစရိတ်တွေကတော့

  • ထောပတ်ထမင်း၊ တုံယမ်းဟင်းရည်၊ အချဉ်၊ ဗာလချောင်ကြော်၊ ရေခဲမုန့် (၂၉ဝဝ ကျပ်)
  • ဒံပေါက်ထမင်း၊ ဟင်းရည်၊ အချဉ်၊ ငပိကြော်၊ ရေခဲမုန့် (၂၉ဝဝ ကျပ်)
  • ကြက်ဆီထမင်း၊ တုံယမ်းဟင်းရည်၊ အချဉ်၊ ငပိကြော်၊ ရေခဲမုန့် (၂၉ဝဝ ကျပ်)
  • မုန့်(၃)မျိုး၊ ရေခဲမုန့့် (၂၂ဝဝ ကျပ် ဝန်းကျင်)
  • မုန့်(၃)မျိုး၊ ကော်ဖီ (၂၂ဝဝ ကျပ် ဝန်းကျင်)
  • မုန့်(၃)မျိုး၊ ကော်ဖီ၊ ရေခဲမုန့် (၂၅ဝဝ ကျပ် ဝန်းကျင်)

ရေသန့်၊ Tissue ကိုယ့်ဘာသာစီစဉ်ရပါမယ်။ Tissue box တွေတော့ထားပေးထားပါတယ်။ အစားအသောက်ကို ကျောင်းကဝန်ဆောင်မှုမယူပဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် စိတ်တိုင်းကျ မှာယူကျွေးမွေးနိုင်ပါတယ်။