ပိဋကသုံးပုံ နိကာယ်စာသင်တိုက်

ပိဋကသုံးပုံ နိကာယ်စာသင်တိုက်

ယောက်ကော်မှတ်တိုင်၊ ပန်းခြံလမ်း၊ တောင်ဒဂုံ။
09 73041606

(၂ဝ၁၉ ဈေးနှုန်းတွေဖြစ်ပါတယ်)

ပိဋကသုံးပုံ နိကာယ်စာသင်တိုက်ရဲ့ ရွှေရတုမင်္ဂလာခန်းမမှာ ဧည့်အယောက် ၂၆ဝ ဝန်းကျင် ဧည့်ခံနိုင်ပာတယ်။ ပွဲထွက် လို့ရပါတယ်။ မင်္ဂလာအချိန်တွေကတော့ မနက် (၁ဝနာရီ – ၁၂နာရီ) တစ်ချိန်၊ နေ့လည် (၁နာရီ – ၃နာရီ) တစ်ချိန်၊ ညနေ (၄နာရီ – ၆နာရီ) တစ်ချိန်ပါ။

အကျွေးအမွေး ကိုကျောင်းကပဲ စီစဉ်ဆောင်ရွက်ပေးပြီး ထောပတ်ထမင်း (သို့) ဒံပေါက်ထမင်း၊ ကြက်သား နှင့် ရေခဲမုန့် နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။ တစ်ယောက်ကုန်ကျစရိတ် ၃၃ဝဝ ကျပ်ပါ။

ပဒေသာပင် ကျပ် ၁သိန်းကို လှူဒါန်းရမှာဖြစ်ပါတယ်။ မင်္ဂလာခန်းမကြေးက ၁သိန်းခွဲပါ။ ဝန်ဆောင်မှုတွေအနေနဲ့ နောက်ခံစာတမ်းရေးထိုးခြင်း၊ ပန်းအလှဆင်ပေးခြင်းတို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးပါတယ်။

ခန့်မှန်းခြေ သံဃာအပါး ၃၆ဝ ဝန်းကျင်ရှိပြီး သံဃာ (၅) ပါး (သို့) သံဃာ (၁ဝ) ပါး (သို့) သံဃာကုန်ကို မိမိတတ်နိုင်သလို ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ပါတယ်။