Wedding Tips & Advices

မင်္ဂလာပွဲအတွက် Wedding Planner ဘာကြောင့်ငှားသင့်တာလဲ?

Published on July 2017

မင်္ဂလာပွဲတစ်ခု အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ပြီးမြောက်ဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး။ ကြိုတင် ပြင်ဆင်မှုတွေ၊ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ရွေးချယ်ဆုံးဖြတ်မှုတွေ အများကြီးနဲ့ တကယ့်ကိုစိတ်ဖိစီးစရာပါ။ ဒါကြောင့် အလုပ်များပြီး အချိန်သိပ်မပေးနိုင်တဲ့ စုံတွဲတွေအဖို့ မင်္ဂလာပွဲစီစဉ်ဖို့အတွက် အတွေ့အကြုံရှိတဲ့ Wedding Planner တွေဟာ လိုအပ်ချက်တစ်ခုဖြစ်လို့လာပါတယ်။ Wedding Planner တွေဟာ ဘယ်လိုအထောက်အကူပေးနိုင်လဲဆိုတာကို ကြည့်ကြရအောင်….

 

အကြံဉာဏ်ကောင်းတွေပေးနိုင်တယ်

Wedding Planner တွေဟာ မင်္ဂလာပွဲနဲ့ ပတ်သတ်သမျှကိစ္စအဝဝကို နားလည်ကျွမ်းကျင်သူပြီး အတွေ့အကြုံရှိသူတွေဖြစ်တာကြောင့် သင့်ကို အကောင်းဆုံးရွေးချယ်မှုတွေပြုလုပ်နိုင်အောင် အကြံဉာဏ်ကောင်းတွေပေးနိုင်ပါတယ်။

 

အချိန်ကုန်၊ ခေါင်းရှုပ်သက်သာစေတယ်

Wedding Planner ရှိရင် သင့်အနေနဲ့ ဟိုတယ်၊ မိတ်ကပ်၊ ပန်းအလှပြင်၊ အဝတ်အစား၊ ဖိတ်စာ၊ ဓါတ်ပုံ စတာတွေ အတွက် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် စုံစမ်းဆွေးနွေးနေဖို့မလိုတော့ပါဘူး။ သင်ဖြစ်စေချင်တဲ့ဆန္ဒအတိုင်း သင့်ကိုယ်စား သူက ဆွေးနွေးညှိနှိုင်းပေးမှာဖြစ်တဲ့အတွက် အချိန်ကုန်၊ ခေါင်းရှုပ်သက်သာစေပါတယ်။

 

အပိုကုန်ကျစရိတ်တွေလျော့ကျစေတယ်

တချို့စုံတွဲတွေက Wedding Planner ငှားခြင်းဟာ အပိုကုန်ကျစေတယ်လို့ထင်တတ်ကြပါတယ်။ တကယ်တော့ Planner ဟာ သင့်ထက်ပိုပြီး အတွေ့အကြုံရှိတဲ့အတွက် ဈေးကွက်က ဝန်ဆောင်မှုနဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကို သင့်ထက်ပိုသိတာကြောင့် သင့်အနေနဲ့ ပစ္စည်းဝယ်တာမျိုးတွေမှာ မတန်တဆပေးပြီး ဝယ်ရတာမျိုးကြောင့် အပိုကုန်ရတာမျိုးတွေ မရှိတော့ပါဘူး။ ဒါ့အပြင် Planner နဲ့ ချိတ်ဆက်ထားတဲ့ဆိုင်တွေကတဆင့် Discount တွေလဲရနိုင်ပါသေးတယ်။

 

ကိုယ်တိုင်လုပ်ရမယ့်အရာတွေအတွက် အချိန်ပိုပေးနိုင်မယ်

Wedding Planner က သင့်ကိုယ်စား ကိစ္စအဝဝ စီစဉ်ပေးနေချိန်မှာ သင့်အနေနဲ့ ဖိတ်စာလိုက်ဝေဖို့၊ ခန်းဝင်ပစ္စည်းဝယ်ဖို့နဲ့ မိသားစုအတွက်လိုအပ်တာတွေ ပြင်ဆင်ပေးဖို့တွေအတွက် အချိန်ပိုပေးနိုင်တာကြောင့် သင့်ဘက်က လစ်ဟင်းမှုတွေမရှိသလောက်နည်းသွားမှာပါ။

 

ပွဲနေ့မှာစိတ်ဖိစီးမှုသက်သာမယ်

မင်္ဂလာပွဲနေ့ အစအဆုံးမှာလဲ လိုအပ်တာတွေကို စီစဉ်ကြီးကြပ်ပေးနိုင်တာကြောင့် သင့်အနေနဲ့ အပူအပင်ကင်းကင်းနဲ့ အလှဆုံးပြုံးနိုင်မှာ အသေအချာပဲပေါ့။