Outdoor Prewedding ထွက်တဲ့အခါ ဆောင်ရန်ရှောင်ရန်များ

Location

Outdoor Prewedding မှာ Location က အသက်ပါ။ မြင်တွေ့နေကျ Location တွေဆို အရမ်းငြီးငွေ့ဖို့ကောင်းပါတယ်။ မင်္ဂလာမောင် နှံတို့အနေနဲ့ မိမိတို့သဘောကျတဲ့ Location တွေကို Research လုပ်ထားပြီး Photographer နဲ့တိုင်ပင်ထားပါ။

 

အိုက်တင်

ကိုယ်ရိုက်ချင်တဲ့ Post လေးတွေကို Internet ကရှာပြီး Save ထားပါ။ Pinterest မှာလည်း Prewedding နဲ့ ပတ်သတ်တဲ့ ပုံလေးတွေရှာပြီး အလွယ်တကူ Save လို့ရပါတယ်။ အချိန်ရရင် ဓါတ်ဆရာနဲ့ကြိုတိုင်ပင်ထားပါ။ ရိုက်တဲ့နေ့မှ ပြလဲနောက်မကျသေးပါဘူးနော်။

 

အဝတ်အစား

ဝတ်စုံရွေးတဲ့အခါ အရမ်းလေးလွန်းတာတွေ၊ လှုပ်ရှားရခက်တဲ့ ဝတ်စုံမျိုးတွေမရွေးစေချင်ပါဘူး။ နေပူပူမှာရိုက်ရတာကတစ်မျိုး အဝတ်အစားကြောင့် စိတ်အိုက်ရတာကတစ်ဖုံနဲ့ မကြာခင်မှာပဲ mood တွေအကုန် ပျောက်ဆုံးသွားနိုင်ပါတယ်။

 

ကျန်းမာရေး

အစားတစ်ခုခုစားပြီး ဗိုက်ကိုအသင့်အတင့်ဖြည့်ထားပါ။ ဗိုက်ဆာတတ်ရင် Snack လေးဘာလေးဆောင်သွားတာကောင်းပါတယ်။ အဝတ်စားတွေမဝတ်ခင် ကိစ္စလေးလဲရှင်းထားဖို့မမေ့နဲ့ဦး။ ဝတ်စုံကြီးတစ်ကားကားနဲ့ Toilet သွားရတာ တော်တော်လေး အဆင်မပြေ ဘူးနော်။ နေပူထဲရိုက်ရမှာမို့ ရေဘူး၊ ထီး၊ တစ်ရှုး စတာတွေဆောင်ထားပါ။ ချွေးထွက်များတတ်တဲ့လူဆို Royal D လို ဓါတ်ဆားပုလင်းလေး လိုလိုမယ်မယ် ဆောင်ထားနိုင်ပါတယ်။