ရန်ကုန်မြို့ရှိ လူကြိုက်များ၊ ရေပန်းစားသော Hotel Ballroom များ

ဒီတစ်ပတ်မှာတော့ မင်္ဂလာပွဲစီစဥ်ကြမယ့် မင်္ဂလာမောင်နှံတွေအတွက် ရန်ကုန်မြို့မှာ လူကြိုက်များတဲ့ ထိပ်တန်း Hotel တွေအကြောင်းကို myanmarweddingguide.com မှတင်ဆက်ပေးလိုက်ပါတယ်။

 

1. Lotte Hotel Yangon

လတ်တလော လူကြိုက်အများဆုံးနဲ့ ရေပန်းအစားဆုံး Hotel တစ်ခုဖြစ်ပါတယ်။ နာမည်ကြီး Cele တွေကစလို့ လုပ်ငန်းရှင်တွေနဲ့ လူကုံထံအသိုင်းအဝိုင်းတွေရဲ့ မင်္ဂလာပွဲတွေကို Lotte Hotel မှာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။ အင်းယားကန်စပ်မှာတည်ရှိတဲ့ Hotel ဖြစ်တာကြောင့် အရမ်းသာယာတဲ့ နေရာအနေအထားက သူ့ရဲ့ အားသာချက်တစ်ခုလို့ ပြောနိုင်ပါတယ်။ လူဦးရေ 500 ဝန်းကျင်အထိ တည်ခင်းဧည့်ခံနိုင်တဲ့ Crystal Ballroom ဟာ Romantic ဆန်တဲ့အပြင်အဆင်မျိုးဖြစ်ပြီး Wedding Dinner တွေ အများဆုံးကျင်းပလေ့ရှိပါတယ်။

More Info »
 

 

 

2. Novotel Yangon Max

အနုပညာရှင်အများစုရဲ့ မင်္ဂလာပွဲကျင်းပရာဖြစ်ခဲ့တဲ့ Novotel Hotel ဟာ လူဦးရေ 750 အထိ တည်ခင်းဧည့်ခံနိုင်တာမို့ ဧည်သည်များတဲ့မောင်နှံတွေ ရွေးချယ်လေ့ရှိတဲ Hotel တစ်ခုဖြစ်ပါတယ်။ Novotel ရဲ့ နာမည်ကျော် Ballroom ဖြစ်တဲ့ Yangon Ballroom ဟာ အရမ်းကိုကျယ်ဝန်းတဲ့အပြင် Height မြင့်တာကြောင့် လူကြိုက်များပါတယ်။ Yangon Ballroom ဟာ မင်္ဂလာပွဲတွေအပြင် တခြား Event ပွဲကျင်းပချင်သူတွေနဲ့ အမြဲပြည့်နေတဲ့ ခန်းမတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ ခမ်းနားထည်ဝါနဲ့ အပြင်အဆင်တွေက​ မြန်မာဆန်ဆန် ပွဲထွက်ချင်သူတွေနဲ့ အရမ်းကို လိုက်ဖက်သင့်တော်ပါတယ်။

More Info »
 

 

 

3. Meliá Yangon

Meliá ရဲ့ Grand Ballroom ဟာ လူဦးရေ 600 အထိ တည်ခင်းဧည့်ခံနိုင်အောင် ကျယ်ဝန်းတဲ့ ခန်းမတစ်ခုဖြစ်ပါတယ်။ ပန်းအပြင်အဆင်တွေ သိပ်သုံးစရာမလိုပဲ အမြင်ရှင်းရှင်းလေးနဲ့လှလို့ မင်္ဂလာမောင်နှံတွေ အကြိုက်တွေ့ကြတဲ့ ခန်းမတစ်ခုလဲဖြစ်ပါတယ်။ Meliá က တည်ခင်းတဲ့ အစားအသောက်တွေက အ​မြင်နဲ့တင် ဆွဲဆောင်မှုရှိတဲ့အပြင် အရသာလဲအရမ်းကောင်းလို့ လူကြိုက်များတာကလဲ သူ့ရဲ့အားသာချက်တစ်ခုပါပဲ။

More Info »
 

 

 

4. Wyndham Grand Yangon

Wyndam Grand ရဲ့ Amarapura Ballroom ဟာခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းအသွင်အပြင်တွေကြောင့် လူငယ်စုံတွေတွေအကြိုက်တွေ့တဲ့ ခန်းမတစ်ခုပါ။ Stage နောက်က LED backdrop အကြီးကြီးက အများနဲ့မတူတဲ့ ထူးခြားချက်ဖြစ်တာကြောင့် လူကြိုက်များပါတယ်။ Amapura ​Ballroom မှာ လူဦးရေ 480 အထိ တည်ခင်းဧည့်ခံနိုင်ပါတယ်။

More Info »