ဖိတ်စာဆိုင်ကောင်းကောင်း ရှာကြမယ်
Published on June 2018
ဖိတ်စာဆိုတာ သာမန်အားဖြင့်ကြည့်ရင်တော့ သိပ်အရေးမပါလှဘူးထင်ရပေမယ့် တကယ်တမ်းကတော့ မင်္ဂလာပွဲရဲ့ ရှေ့ပြေးအနေနဲ့ အဓိကကျတဲ့ အခန်းကဏ္ဍ ကနေပါဝင်ပါတယ်။ ဖိတ်စာနဲ့ပတ်သတ်ပြီး အသုံးစရိတ်ကို ပိုသုံးသင့်တယ်၊ လျော့သုံးသင့်တယ်စသည်ဖြင့် အထင်အမြင်အမျိုးမျိုးရှိကြပေမယ့် လူတိုင်းကတော့ သပ်သပ်ရပ်ရပ်ကလေးနဲ့ ပေးရတဲ့တန်ဖိုးနဲ့ ညီမျှတဲ့ Quality ကိုပဲလိုလားကြတာပါ။ ရန်ကုန်မြို့မှာ ဖိတ်စာဆိုင်တွေ အများကြီးရှိတဲ့အထဲက Quality ရော Service နဲ့ပတ်သတ်ပြီးတော့ပါ သတင်းမွှေးနေတဲ့ ဖိတ်စာဆိုင်လေးတွေကို Myanmar Wedding Guide က စုစည်းတင်ပြပေးလိုက်ပါတယ်။
Dagon Printing & Invitation Cards
Dagon Printing ဆိုတာ Quality ကောင်းပြီး လူကြိုက်များလို့ နာမည်ကြီးနေတာကြာပါပြီ။ ခန့်ညားသပ်ရပ်တဲ့ ဒီဇိုုင်း မျိုးကြိုက်တဲ့လူတွေအတွက် ရွေးချယ်သင့်တဲ့ဆိုင်တစ်ခုပါပဲ။ ရက်ချိန်းတိကျပြီး ပေးရတဲ့ပိုုက်ဆံနဲ့ ထိုုက်တန်တဲ့ Quality ကိုုပြန်ရမှာ အသေအချာပါပဲ။
အမှတ်(၁၉၁)၊ အနော်ရထာလမ်း၊ ၁၃လမ်းနှင့် ၁၄လမ်းကြား၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
အမှတ်(၁၆၈)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ၄၅လမ်းထိပ်နှင့် မျက်နှာချင်းဆိုင်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
Phone: 01 224 704, 09 730 37847
Y Collection
Quality ကောင်းကောင်းနဲ့ သေသပ်လှပတဲ့ ဒီဇိုင်းဆန်းလေးတွေ၊ ဘိုဆန်ဆန် ရှင်းရှင်းသန့်သန့် ဒီဇိုင်းလေးတွေကို ရှာနေရင်တော့ Y Collection ကိုသာသွားလိုက်ပါနော်။ Wedding Favour အလန်းစားတွေ နဲ့ လက်ထပ်စာချုပ်အဖုံး လှလှလေးတွေလဲ Y Collection မှာရှိပါတယ်။
အမှတ်(၁ဝ၆)၊ ၄၉လမ်း (အနော်ရထာလမ်း နှင့် မဟာဗန္ဓုလလမ်းကြား)၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုုန်မြို့။
Phone: 01 202662, 01 201264, 09 73155929
Myin Thar Invitation Cards & Printing
စျေးနှုန်းသင့်တင့်ပြီး ဒီဇိုင်းလဲလှရမယ်၊ Service လေးလဲကောင်းဦးမှဆိုရင်တော့ မြင်သာက အဆင်ပြေဆုံးဖြစ်မှာပါ။ စာချုပ်အဖုုံးလှလှလေးတွေလဲ မြင်သာမှာ မှာလို့ရပါတယ်နော်။
အမှတ်(၇)၊ ဆင်ရေတွင်းလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
Phone: 09 507 9018, 09 730 13308, 09 254 065816, 09 430 63674
Yatu Invitation Cards
ကိုယ့်ရဲ့ဖိတ်စာလေးကို သူများထက်ထူးခြားတဲ့ ဒီဇိုင်းလေးတွေနဲ့ Handmade ကတ်လေးတွေ၊ Caricature ပုံလေးတွေနဲ့ Customized Design လေးတွေ လုပ်ချင်တယ်ဆိုရင်တော့ Yatu Invitation မှာရနိုင်ပါတယ်။ လက်ထပ်စာချုပ်နဲ့ လက်ဖွဲ့ငွေသားထည့်တဲ့ box လေးတွေလဲ Customized Design လေးတွေနဲ့ရနိုင်ပါတယ်။
အမှတ်(၂၂၅)၊ ပထမထပ်၊ ၃၈လမ်း(အထက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
Phone: 09 781 107370
Wedding Invitation Shops တွေကို စုစည်းဖော်ပြပေးထားပါတယ်။