Prewedding မရိုက်ခင် ဒါတွေပြင်ဆင်မယ်

Prewedding ရိုက်မယ့်စုံတွဲတွေအနေနဲ့ ချစ်သူနဲ့အတူ ကြည်နူးစရာပုံလှလှလေးတွေ ပိုင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ရမယ့်အရာတွေကို Myanmar Wedding Guide ကပြောပြချင်ပါတယ်….

💓 ဝတ်စုံရွေးတဲ့အခါ သေချာအချိန်ယူပြီးဝတ်ကြည့်ပါ။ ကိုယ်လဲတစ်ကယ်နှစ်သက်ရမယ်၊ ကိုယ်နဲ့လဲလိုက်ဖက်မှုရှိရမယ်ဆိုတဲ့ အချက်နှစ်ချက်ပေါ်မူတည်ပြီးရွေးချယ်ပါ။

💓 ကိုယ်ရိုက်ချင်တဲ့ပုံစံလေးတွေ ရှာဖွေစုဆောင်းထားပြီး အချိန်ရရင် Photographer နဲ့ ကြိုတင်ဆွေးနွေးထားပါ။

💓 ကိုယ်ကဘယ်လိုပြုံးရင်လှလဲ၊ ဘယ် Position ကရိုက်ရင် ပိုကြည့်ကောင်းမလဲဆိုတာ ကိုယ်တိုင်သိထားရင် အကောင်းဆုံးပါ။

💓 တချို့သော Photo Studio တွေက စီးဖို့ဖိနပ်လေးတွေ ထားပေးတတ်ကြပေမယ့် ကိုယ်နဲ့မတော်တာမျိုးတွေ၊ နိမ့်လွန်း မြင့်လွန်းတာတွေကြောင့် အဆင်မပြေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဆိုင်မှာသွားစုံစမ်းတဲ့နေ့မှာ သေချာမေးမြန်းပြီး အဆင်မပြေဘူးဆိုရင် ကိုယ်စီးဖို့ဖိနပ်ကိုပါ ကိုယ်တိုင်စီစဉ်သွားပါ။ အတွင်းခံတွေ၊ ကော့ဆက်တွေ ယူလာဖို့လို မလိုကိုလည်း ကြိုတင်မေးမြန်းထားသင့်ပါတယ်။

💓 သတို့သမီးလောင်းလေးတွေအနေနဲ့ ကိုယ်ရွေးချယ်ထားတဲ့ ဝတ်စုံတွေနဲ့ အဆင်ပြေဆုံး လက်သည်း၊ ခြေသည်း အလှဆင်မှုမျိုးကို မရိုက်ခင်တရက်အလိုမှာ ကြိုတင်ပြင်ဆင်ထားပါ။

💓 Outdoor ထွက်ရိုက်မယ့်စုံတွဲတွေအနေနဲ့ Sunscreen/Sunblock တွေလိမ်းသွားဖို့မမေ့ပါနဲ့။

💓 ရိုက်မယ့်နေ့မှာ အစားတစ်ခုခုအရင်စားထားပါ။ ဓါတ်ပုံရိုက်နေချိန် ဗိုက်ဆာပြီးစိတ်မရှည်တာမျိုး ဖြစ်နိုင်လို့ပါ။