မင်္ဂလာခန်းမ ရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်များ
Published on July 2017
- ကိုယ်လိုချင်တဲ့ရက်၊ လိုချင်တဲ့အချိန် ရနိုင်မလား။
- ခန်းမအနေအထားက ကိုယ့်ဧည့်သည်အရေအတွက်၊ ကိုယ်လုပ်ချင်တဲ့ပွဲပုံစံနဲ့ ကိုက်ညီရဲ့လား။
- ခန်းမကို စိတ်ကြိုက်အလှဆင်ဖို့ ပစ္စည်းအထားအသို အပြောင်းအရွှေ့လုပ်လို့ရမလား။
- လူဘယ်နှစ်ယောက် တပြိုင်တည်း တည်ခင်းဧည့်ခံနိုင်မလဲ။
- လူတစ်ယောက်စာ အစားအသောက်ကုန်ကျစရိတ်က ဘယ်လောက်လဲ။
- ခန်းမငှားရမ်းခ ဘယ်လောက်လဲ။ ဘယ်လိုဝန်ဆောင်မှုတွေပါလဲ။ ပွဲချိန်ကို ဘယ်လိုသတ်မှတ်ထားလဲ။
- အချိန်ပိုငှားရမ်းခကရော ဘယ်လောက်လဲ။
- တခြားဘယ်လို ဝန်ဆောင်မှုတွေအတွက် ပိုက်ဆံထပ်ပေးဖို့လိုလဲ။
- စရံငွေ ဘယ်လောက်ပေးရမလဲ။
- မင်္ဂလာပွဲနေ့မှာ အခမ်းအနားအပြင်အဆင်ကို ဘယ်အချိန်မှာ စလုပ်လို့ရမလဲ။
- သတို့သမီး မိတ်ကပ်လိမ်း၊ အဝတ်အစားလဲလို့ ရမယ့်နေရာရော ရှိသလား။
- ဧည့်သည်တွေ လာဖို့လွယ်ကူအဆင်ပြေရဲ့လား။
- ကားပါကင်အတွက် နေရာအလုံအလောက် ရှိလား။ မရှိရင် ဧည့်သည်တွေရဲ့ ကားတွေ ဘယ်မှာ ရပ်နားနိုင်မလဲ။
- တခြားကန့်သတ်ချက်တွေရှိလား။ (ဥပမာ သူတို့ဆီကပဲ အစားအသောက်ယူရတာမျိုး၊ သူတို့နဲ့ချိတ်ဆက်ထားတဲ့ ဓာတ်ပုံဆရာနဲ့ပဲ ရိုက်ခွင့်ရှိတာမျိူး)
- အစားအသောက်၊ ဝန်ဆောင်မှု၊ နေရာထိုင်ခင်း အဆင်ပြေရဲ့လား ဆိုတာတွေကို ဒီနေရာမှာ ပွဲလုပ်ခဲ့ဖူးတဲ့ စုံတွဲတွေကို အသေးစိတ် မေးမြန်းစုံစမ်းသင့်ပါတယ်။