Wedding Tips & Advices

ရှေးမြန်မာအယူ လက်ထပ်မင်္ဂလာ အချိန်အခါရွေးနည်း

Published on April 2016

Myanmar Traditional Wedding Month Concept

တန်ခူးလတွင် ထိမ်းမြားလျှင် ဥစ္စာပစ္စည်းပေါတတ်သည်။

ကဆုန်လတွင် ထိမ်းမြားလျှင် စီးပွားတိုးတက်မည်။

နယုန်လတွင် ထိမ်းမြားလျှင် မေတ္တာအရှည်မြဲတတ်သည်။

ဝါဆိုလတွင် ထိမ်းမြားလျှင် ဘေးရောက်တတ်သည်။

ဝါခေါင်လတွင် ထိမ်းမြားလျှင် ပူပင်ရတတ်သည်။

တော်သလင်းလတွင် ထိမ်းမြားလျှင် ဆင်းရဲတတ်သည်။

သီတင်းကျွတ်လတွင် ထိမ်းမြားလျှင် သားသမီးပေါများတတ်သည်။

တန်ဆောင်မုန်းလတွင် ထိမ်းမြားလျှင် ချမ်းသာသုခရှိတတ်သည်။

နတ်တော်လတွင် ထိမ်းမြားလျှင် ဘေးရောက်တတ်သည်။

ပြာသိုလတွင် ထိမ်းမြားလျှင် စီးပွားပျက်တတ်သည်။

တပို့တွဲလတွင် ထိမ်းမြားလျှင် ဥစ္စာပေါများတတ်သည်။

တပေါင်းလတွင် ထိမ်းမြားလျှင် ကိုယ်စိတ်ဆင်းရဲတတ်သည်။