မင်္ဂလာပန်းလေးတွေ နောက်ကွယ်က အချစ်ရဲ့အဓိပ္ပါယ်

Screen Shot 2017-09-06 at 9.11.33 PM

နှင်းဆီ

နှင်းဆီပန်းဟာ ချစ်မြတ်နိုးခြင်းနဲ့ အလှတရားကို ဖော်ကျူးပါတယ်။ အနီရောင်နှင်းဆီကတော့ တစ်ကမ္ဘာလုံးက နားလည်လက်ခံထားတဲ့ အချစ်ရဲ့သင်္ကေတတစ်ခုပါ။ အဖြူရောင်နှင်းဆီက ဖြူစင်သောချစ်ခြင်း၊ ပန်းရောင်က နူးညံ့သိမ်မွေ့ခြင်း နဲ့ ကျက်သရေရှိခြင်းတို့ကို ဖော်ကျူးပါတယ်။

 

 

Screen Shot 2017-09-06 at 9.11.46 PM

ကျူးလစ်

ကျူးလစ်ပန်းလေးတွေကတော့ ပြီးပြည့်စုံတဲ့ချစ်ခြင်းလို့ အဓိပ္ပါယ်ဆောင်ပါသတဲ့ ။ အနီရောင်နဲ့ ခရမ်းရောင် ကျူးလစ်က အမြဲရှင်သန်နေမဲ့ ချစ်ခြင်းကိုရည်ညွှန်းပြီး၊ အဖြူရောင်ကတော့ တစ်ဖက်သက်အချစ်လို့ဆိုပါတယ်။

 

 

Screen Shot 2017-09-06 at 9.11.58 PM

လီလီ

လီလီပန်းတွေကတော့ ခန်းနားထည်ဝါခြင်း၊ မြင့်မြတ်ခြင်း၊ အရှိန်အဝါကြီးခြင်းကို ဖော်ဆောင်တဲ့ပန်း ဖြစ်ပါတယ်။

 

 

Screen Shot 2017-09-06 at 9.12.05 PM

ကာနေရှင်း

ကာနေရှင်းပန်းလေးတွေကတော့ ကျေးဇူးတရားနဲ့ လေးနက်သောချစ်ခြင်းကို ရည်ညွှန်းပါတယ်။ အဖြူရောင် ကာနေရှင်းက အချစ်စစ်နဲ့သစ္စာတရားကို ဖော်ကျူးပါတယ်။

 

 

Screen Shot 2017-09-06 at 9.12.17 PM

ဒေစီ

ဒေစီပန်းလေးတွေကတော့ သစ္စာရှိခြင်း နဲ့ အပြစ်ကင်းစင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။

 

 

Screen Shot 2017-09-06 at 9.12.27 PM

သစ်ခွပန်း

သစ်ခွပန်းတွေကတော့ ဆွဲဆောင်မှုရှိခြင်း၊ နှစ်သက်ကြည်နူးဖွယ်ကောင်းခြင်းကို ဖော်ကျူးပါတယ်။

 

 

Screen Shot 2017-09-08 at 11.11.04 PM

စံပါယ်

စံပါယ်ပန်းကတော့ နှစ်လိုဖွယ်ကောင်းခြင်း နဲ့ အဆုံးမရှိ ချစ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။