Wedding Makeup Artist ရွေးချယ်တဲ့အခါ…
Published on May 2018
သတို့သမီးလေးတွေအနေနဲ့ ကိုယ့်ကို အလှဆုံးဖန်တီးပေးမယ့် Makeup Artist ကို ရွေးချယ်ရတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ နာမည်ကြီး၊ ဝါရင့် Makeup Artist နဲ့ ပြင်ချင်ပေမယ့် ကိုယ့်Budget နဲ့အဆင်မပြေတာ၊ Budget အဆင်ပြေပေမယ့် ရက်မရတော့တာ၊ အချိန်မမှန်မှာကို စိတ်ပူရတာစတဲ့ အကြောင်းအမျိုးမျိုးရှိတတ်ပါတယ်။
Makeup Artist တစ်ယောက်ချင်းဆီမှာ အားသာချက်ကိုယ်စီ ရှိတတ်တာမို့ အရင်ဆုံး ကိုယ့်လိုအပ်ချက်ကို သေချာစဉ်းစားပါ။ ကိုယ်က မြန်မာဆန်ဆန်ဆောင်မှာလား၊ ဘိုဆန်ဆန်ဆောင်မှာလား၊ မိတ်ကပ်ပါးပါးလေးကြိုက်တာလား၊ ရုပ်ပြောင်းသွားအောင်ပြင်ချင်တာလားစတဲ့ ကိုယ့်လုပ်ချင်တဲ့ပုံစံ၊ ကိုယ့်လိုအပ်ချက်နဲ့ သူတို့ရဲ့အားသာချက် ကိုက်ညီတဲ့သူကို ရွေးချယ်ရမှာပါ။ Makeup Artist အများစုက သူတို့ရဲ့အလုပ်တွေကို Social Media မှာတင်ကြတဲ့အတွက် သူတို့ရဲ့ ပြင်ဆင်မှုတွေကို ရှာဖွေသုံးသပ်ပြီး ကိုယ်သဘောကျတဲ့ Makeup Artist တွေကို စာရင်းလုပ်ထားပါ။ အတွေ့အကြုံရှိတဲ့ သတို့သမီးတွေရဲ့ ဝေဖန်သုံးသပ်ချက်တွေကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။
စုံစမ်းတဲ့အခါ စျေးနှုန်းအပြင် တခြားမေးမြန်းသင့်တာတွေကတော့…
- အစမ်းပြင်ပေးသလား။ အစမ်းပြင်ခ ဘယ်လောက်လဲ။
- ဆံပင်ကို ကိုယ်တိုင်ပြင်ပေးသလား။
- Accessories ငှားရမ်းခတွေ ပေးရသေးလား။ အခြားကိုယ်သိချင်တာတွေကိုလည်း မေးဖို့အားမနာပါနဲ့။
Makeup Artist ကိုအနည်းဆုံး ၆လကြိုပြီး ဘိုကင်လုပ်ထားသင့်ပါတယ်။ နာမည်ကြီးဆိုရင် ၁နှစ်လောက် ကြိုချိတ်ထားဖို့လိုပါတယ်။ အစမ်းပြင်တာကိုလဲ မင်္ဂလာပွဲမတိုင်မီ ၂လအလိုလောက်မှာ လုပ်သင့်ပါတယ်။ ဒါမှသာ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုကြုံတဲ့အခါ ပြန်ပြင်ဆင်ဖို့ အချိန်ရမှာပါ။