သတိုးသမီးလေးတွေ ထိုင်မသိမ်း ရွေးချယ်တဲ့အခါ…

Myanmar bridal dress

ထိုင်မသိမ်းလေးဝတ်ပြီး မင်္ဂလာဆောင်ဖို့ဆိုတာ သတို့သမီးအများစုရဲ့အိပ်မက်ပါ။ ကိုယ့်ရဲ့မင်္ဂလာပွဲလေးမှာ ထိုင်မသိမ်းလေးကိုမှ ဝတ်ချင်ပါတယ်ဆိုတဲ့ သတိုးသမီးလေးတွေအတွက် အလှဆုံးဝတ်စုံလေးတွေ ရွေးချယ်ဖို့ သိသင့်သိထိုက်တာလေးတွေကို ပြောပြပေးချင်ပါတယ်။

ထိုင်မသိမ်းအတွက် အပိုင်ဝယ်၊ အငှား၊ အသစ်ချုပ်အငှား ဆိုပြီးရွေးချယ်စရာ (၃)မျိုးရှိပြီး ကိုယ့် Budget အခြေအနေပေါ်မူတည်ပြီး သင့်တော်ရာအမျိူးအစားကို ရွေးချယ်နိုင်ပါတယ်။

ကိုယ့်မှာBudget လဲအထိုက်အလျောက်ရှိတယ်၊ ကိုယ့်စိတ်ကြိုက်လဲချုပ်ချင်တယ်၊ ဝတ်စုံကိုလဲသိမ်းထားဖို့ အစီအစဉ်မရှိဘူးဆိုရင်တော့ အသစ်ချုပ်အငှားကိုရွေးချယ်ဖို့ အကြံပေးပါရစေ။

ချုပ်ပြီးမှ ကိုယ့်စိတ်ကြိုက်ဖြစ်မလာမှာ စိုးရိမ်တယ်ဆိုရင်တော့ ချုပ်ပြီးသားအထည်တွေထဲက စိတ်ကြိုက်ရွေးပြီး ငှားဝတ်လိုက်တာ သင့်တော်ပါတယ်။

ထိုင်မသိမ်းကို Designer နဲ့ချုပ်မယ်ဆိုရင် အများသောအားဖြင့် ချိတ်ကိုကိုယ်တိုင် ဝယ်ပေးရပါတယ်။ တချို့ဆိုင်တွေမှာတော့ ကိုယ့်စိတ်ကြိုက် ချိတ်လိုင်းနဲ့ အရောင်ကိုပြောပြီး ယက်ခိုင်းလို့ရသလို၊ ချိတ်လိုင်းကို ကျောက်တွေနဲ့ပဲ ပုံဖော်တာမျိုးလဲရှိပါတယ်။ ကျောက်ချိတ်လိုင်းကြီးတွေဟာလည်း လူတိုင်းနဲ့မလိုက်လို့ ချိတ်ဝယ်တဲ့အခါ ကိုယ်နဲ့လိုက်ဖက်တာလေးကို သေချာရွေးစေချင်ပါတယ်။ ပိန်တဲ့သူတွေဆို ချိတ်လိုင်းအသေးနဲ့ အလတ်၊ ပုတဲ့သူတွေဆို ဒေါင်လိုက်အစင်း စသည်ဖြင့် လိုက်ဖက်အောင်ရွေးချယ်တတ်ဖိုလိုပါတယ်။ ကျောက်တွေပြည့်နေအောင်ထိုးထားတဲဲ့ ထိုင်မသိမ်းက ပိန်တဲ့လူကိုတောင် ဝနေသရောင်ထင်ရစေပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာပြည့်တဲ့မမတို့အတွက်ကတော့ ဒါလေးကိုသတိပြုကြပါနော်။

ပုဝါဆိုရင်လည်း ဒေါင်းပုဝါ နဲ့ ဒေဝီပုဝါ ဆိုပြီးရှိတဲ့အထဲကမှ ဒေါင်းပုဝါက ပွဲထွက်ရင်လှလို့ လူကြိုက်ပိုများပါတယ်။ ကိုယ်ခန္ဓာပြည့်တဲ့သူတွေက ကိုယ်ကိုတခြမ်းဖုံးပြီး သွယ်သွားစေတဲ့ ဒေဝီပုဝါနဲ့ ပိုသင့်တော်ပါတယ်။ ကိုယ်ကိုလဲသွယ်သွားချင်တယ်၊ ဒေါင်းပုဝါလိုမျိုး အနောက်မှာဖြာကျနေတာမျိုးလဲ ကြိုက်ရင်တော့ Designer နဲဲ့ တိုင်ပင်ပြီး ဒေဝီ နဲ့ ဒေါင်း နှစ်မျိုးစပ်လေးချုပ်နိုင်ပါတယ်။

ကိုယ်နဲ့အလိုက်ဖက်ဆုံးထိုင်မသိမ်းလေး ရွေးချယ်ဆင်မြန်းပြီး အလှဆုံးသတို့သမီးလေးဖြစ်စေဖို့ Myanmar Wedding Guide ကအကြံပြုတင်ဆက်လိုက်ပါတယ်နော်။

 

Photo Credit to My Dream