တရားရုံးမှာ မင်္ဂလာလက်မှတ် ရေးထိုးမယ်ဆိုရင်…

တရားရုံးမှာ မင်္ဂလာလက်မှတ်ရေး ထိုးတော့မယ်ဆိုရင် သိသင့်သိထိုက်တဲ့ အချက်လေးတွေကို Myanmar Wedding Guide ကဝေမျှပေးလိုက်ပါတယ်။

လက်ထပ်စာချုပ်ဝယ်ထားပြီး လိုအပ်တာတွေကို လက်ရေးနဲ့ဖြစ်စေ၊ လက်နှိပ်စက်နဲ့ဖြစ်စေ ဖြည့်စွက်ထားပါ။ တံဆိပ်ခေါင်းကပ်ဖို့လဲ မမေ့ပါနဲ့ဦး။ ကိုယ်လိုချင်တဲ့ အချိန်ရချင်ရင်တော့ တစ်ရက်ကြိုသွားပြီး စာရေးမနဲ့ချိတ်ထားဖို့ လိုပါတယ်။

  • လက်ထပ်စာချုပ်မူရင်း + မိတ္တူ ၂ စုံ
  • မင်္ဂလာမောင်နှံ မှတ်ပုံတင်မူရင်း + မိတ္တူ ၂ စုံ
  • အသိသက်သေ၂ ဦးရဲ့ မှတ်ပုံတင်မူရင်း + မိတ္တူ ၂ စုံ

တို့ကိုအသင့်ယူဆောင်သွားရပါမယ်။

တရားရုံးရောက်တာနဲ့  Registerလုပ်တဲ့နေရာကဝန်ထမ်းတွေကို လိုအပ်တဲ့စာရွက်စာတမ်းတွေပေးပြီးရင် တရားသူကြီးဆီသွားရပါမယ်။ ကိုယ့်ရှေ့မှာလူရှိနေရင်တော့ အချိန်အနည်းငယ် စောင့်ရပါလိမ့်မယ်။ တရားသူကြီးရှေ့မှောက်မှာ Register စာအုပ်မှာရော၊ စာချုပ်မူရင်းနဲ့ မိတ္တူတွေမှာပါ လက်မှတ်ထိုးပြီးပြီဆိုရင်တော့ လက်မှတ်ထိုးခြင်း ပြီးဆုံးပါပြီ။ အခန်းအပြင်ရောက်ရင်တော့ မှတ်ပုံတင်ကြေးသွင်းရပါတယ်။ တရားသူကြီးကို ကန်တော့ရမယ်လို့ သတ်မှတ်ချက်မရှိပေမယ့် မိမိစေတနာရှိသလောက် ကန်တော့ချင်လဲ ကန်တော့နိုင်ပါတယ်။ ကူညီပေးတဲ့ စာရေးကိုလည်း စေတနာရှိသလောက် မုန့်ဖိုးပေးနိုင်ပါတယ်။