Wedding Tips & Advices

New Normal မင်္ဂလာပွဲ ဘယ်လိုကျင်းပကြမလဲ?

Published on November 2021

ဒီနှစ်ထဲမှာ မင်္ဂလာဆောင်ဖို့ကလဲ ဆုံးဖြတ်ပြီးနေပြီ…. ရက်လဲမရွေ့ချင်တော့ဘူး…. အခြေအနေအရ လူစုလူဝေးနဲ့ပွဲလုပ်ဖို့ကလဲ အဆင်မပြေ​သေးဘူးဆိုရင်တော့ ကိုယ့်ရဲ့ မင်္ဂလာ ပွဲကို New Normal style နဲ့ ကျင်းပဖို့ စဉ်းစားလို့ရပါတယ်။ ဒီအချိန်မှာ New Normal အခမ်းအနားမျိုးနဲ့ နေသားတကျမဖြစ်သေးတဲ့ မင်္ဂလာမောင် နှံရော ဧည့်သည်တွေကပါ တွေးပြီးပူနေကြမှာအမှန်ပါပဲ။ ဒီလိုအန္တရာယ်များတဲ့အခြေအနေမှာ ကိုယ့်မင်္ဂလာဆောင် ကို တက်ရောက်ပေးဖို့ဆုံးဖြတ်တဲ့ ဧည့်သည်တွေဟာ ကိုယ့်ကိုတကယ်ခင်မင်လို့ပါ။ ဒီတော့ ကိုယ့်ကိုအလေးထားခင်မင်တဲ့သူတွေအတွက် ကိုယ့်မင်္ဂလာပွဲလေးကို အန္တရာယ်ကင်းကင်းနဲ့တက်ရောက်နိုင်အောင် မင်္ဂလာပွဲလေးလဲအဆင်ပြေအထမြောက်အောင် ဘယ်လိုစီစဉ်မလဲဆိုတာ Myanmar Wedding Guide ကတင်ဆက်ပေးသွားပါ့မယ်။

 

မင်္ဂလာခန်းမ

မင်္ဂလာခန်းမရွေးချယ်တဲ့အခါ indoor ထက် outdoor မြက်ခင်းပြင်လို လေဟာပြင်မျိုး၊ လေဝင်လေထွက်ကောင်းတဲ့နေရာမျိုးကို ဦးစားပေးရွေးချယ်ပါ။ မဖြစ်မနေ indoor ကိုပဲရွေးချယ်မယ်ဆိုရင်တော့ social distancing ကောင်းကောင်းလုပ်လို့ရဖို့အတွက် ခန်းမကျယ်တာလေးကိုရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

 

လူဦးရေ

လူဦးရေအများကြီး မဖိတ်သင့်မှန်း အားလုံးသိပြီးသားဖြစ်မှာပါနော်။ ကိုယ်နဲ့ အမှန်တကယ်ရင်းနှီးကျွမ်းဝင်သူ အနည်းငယ်ကိုပဲ ရွေးချယ်ပြီး ဖိတ်ကြားသင့်ပါတယ်။ မဖြစ်မနေဖိတ်စရာတွေများနေရင်တော့ တစ်ပြိုင်ထဲ တစ်ချိန်ထဲဧည့်ခံတာမျိုးမဟုတ်ဘဲ အချိန်ကို ၂ ဆိုင်းခွဲပြီး ဧည့်ခံတာမျိုးတို့ ရက်ခွဲပြီးကျင်းပတာမျိုးတို့ကို ပြုလုပ်နိုင်ပါတယ်။

 

မင်္ဂလာအချိန်

မင်္ဂလာပွဲကြာမြင့်ချိန်ကို လျော့ချပြီးကျင်းပတာမျိုးကလဲ တစ်ဦးနဲ့တစ်ဦး ထိတွေ့ဆက်ဆံချိန်ကို တနည်းအားဖြင့် လျော့ချပေးတာကြောင့် ပွဲလာဧည့်ပရိသတ်တွေကို ပိုပြီးစိတ်သက်သာရာရစေမှာ အမှန်ပါပဲ။ ဥပမာ ၂ နာရီကြာမယ့် မင်္ဂလာပွဲတစ်ခုကို ၁နာရီအတွင်း အကျဉ်းချုံးကျင်းပတာမျိုး ဖြစ်ပါတယ်။

 

နေရာချခြင်း

၁၀ယောက်ဝိုင်းမှာ ၅ယောက်ပဲထိုင်စေတာမျိုး၊ တစ်ယောက်ကျော်နေရာချတာမျိုး၊ အတူနေမိသားစုဝင်အချင်းချင်းကို အတူတူနေရာချပေးတာမျိုး၊ ရင်းနှီးသူအချင်းချင်း တစ်ဝိုင်းထဲထိုင်ခိုင်းတာမျိုးက သူစိမ်းတွေအတူထိုင်ခိုင်းတာထက်ပိုပြီး သက်သောင့်သက်သာရှိစေမှာပါ။

 

အစားအသောက်

စားပြီဆိုကတည်းက mask ကို မဖြစ်မနေချွတ်ရမှာဖြစ်တာကြောင့် မြန်မြန်ဆန်ဆန်ပေါ့ပေါ့ပါးပါးစားလို့ရတဲ့ အစားအသောက်မျိုး၊ အတူဝေမျှစားရတဲ့အစားအစာထက် တစ်ယောက်ချင်းဆီရဲ့ပန်းကန်ထဲမှာ အသင့်စားနိုင်အောင် စီစဉ်ပေးတာမျိုးက ပိုပြီးသင့်တော်ပါတယ်။

 

Safety

Safetyက အရေးအကြီးဆုံးပါ။ ကိုယ့်ရဲ့ makeup artist၊ အခမ်းအနားမှုး၊ designer၊ အစားအသောက်တည်ခင်းပေးမယ့် waiter စတဲ့လူတွေကို စည်းကမ်းနဲ့အညီ ကူညီဆောင်ရွက်ပေးဖို့ ကြိုတင်ညှိနှိုင်းထားသင့်ပါတယ်။ ပွဲလာဧည့်သည်တွေကိုလည်း ပွဲအဝင်ဝမှာ Mask တပ်မတပ်စစ်ဆေးတာမျိုး၊ အပူချိန်တိုင်းတာမျိုးတွေက အားနာစရာကောင်းပေမယ့် မဖြစ်မနေလုပ်သင့်တဲ့အရာထဲမှာ ပါပါတယ်။ စားပွဲဝိုင်းမှာ Hand gel ဘူးလေးတွေချပေးထားတာမျိုးကလဲ အရမ်းအကျိုးရှိစေမှာပါနော်။ Hand gel ဘူးအသေးလေးတွေကို လက်ဖွဲ့ပြန်ကမ်းအနေနဲ့ပေးမယ်ဆိုရင်လဲ တကယ်ကိုအသုံးဝင်တာမို့ စဉ်းစားသင့်ပါတယ်နော်။

 

Donts

လက်ဆွဲနှုတ်ဆက်တာမျိုး၊ ပွေ့ဖက်နှုတ်ဆက်တာမျိုးကို မပြုလုပ်မိဖို့ အထူးဆင်ခြင်သင့်ပါတယ်။ Group photo ကို လူအရေအတွက်အများကြီးနဲ့ ရိုက်တာမျိုးထက် လူနည်းနည်းစီခွဲပြီး ရိုက်တာမျိုးက ပိုပြီး Safe ဖြစ်စေမှာပါ။

 

ဒီအချက်လေးတွေက New Normal Wedding ကို အန္တရယ်ကင်းကင်းနဲ့ဆောင်ရွက်တဲ့နေရာမှာ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမှာပါနော်။