Sky Star Hotel

Sky Star Hotel Ballroom

Sky Star Hotel

အမှတ်(၅၁/B/၁)၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
01 8604224 , 01 8604225~30
info@skystarhotel.com
Visit Website
Visit Facebook Page

Sky Star Hotel ရဲ့ Tea Reception Packages တွေကတော့ –

  • မုန့် (၃) မျိုး၊ ကော်ဖီ/လက်ဖက်ရည်၊ ရေခဲမုန့် တို့ပါဝင်တဲ့ Jasmine Package က ၁၄ဝဝဝ ကျပ်
  • မုန့် (၄) မျိုး၊ ကော်ဖီ/လက်ဖက်ရည်၊ ရေခဲမုန့် တို့ပါဝင်တဲ့ Rose Package က ၁၅ဝဝဝ ကျပ်
  • မုန့် (၅) မျိုး၊ ကော်ဖီ /လက်ဖက်ရည်၊ ရေခဲမုန့် တို့ပါဝင်တဲ့ Lotus Package က ၁၆ဝဝဝ ကျပ်
  • ထောပတ်ထမင်း (သို့) ဒန်ပေါက်ထမင်း နဲ့ ကြက်သား၊ ရေခဲမုန့် တို့ပါဝင်တဲ့ Lily Package က ၁၇ဝဝဝ ကျပ် ဖြစ်ပါတယ်။

(၂ဝ၁၆ -၂ဝ၁၇ ဈေးနှုန်းတွေဖြစ်လို့ အပြောင်းအလဲရှိနိုင်ပါတယ်)

Sky Star ရဲ့ Royal Ballroom က လူ ၄၂ဝ ဆန့်ပါတယ်။ လူ ၃ဝဝ နှင့် အထက်ဆိုရင် ခန်းမ အသုံးပြုခ (၂)နာရီစာကို အခမဲ့ရရှိမှာပါ။ လူ ၃ဝဝ အောက်ဆိုရင်တော့ ခန်းမ အသုံးပြုခ တစ်နာရီကို ဒေါ်လာ ၁ဝဝ ပေးရမှာဖြစ်ပါတယ်။

အခြားဝန်ဆောင်မှုတွေကတော့…

  • မင်္ဂလာမောင်နှံ အဝတ်စားလဲ၊ မိတ်ကပ်ပြင်ဖို့အခန်း
  • မင်္ဂလာစင်မြင့် အခင်းအကျင်း၊ နောက်ခံစာတန်း
  • ကော်ဇောနီ မင်္ဂလာလျှောက်လမ်း
  • Package အမျိုးအစားအလိုက် လျှောက်လမ်းပန်းတိုင် ၄တိုင်မှ ၆တိုင်အထိ အလှဆင်ပေးခြင်း
  • Photo Stand
  • ငါးထပ်မင်္ဂလာကိတ်
  • နောက်ခံတေးသံသာ
  • လျှောက်လမ်း ဆလိုက်မီး (လူဦးရေ ၂၅ဝ နှင့်အထက်)
  • ရေခဲပန်းပု (လူဦးရေ ၃ဝဝ နှင့်အထက်)
  • မင်္ဂလာမောင်နှံအတွက် Dinner သုံးဆောင်ခွင့် (လူဦးရေ ၄ဝဝ နှင့်အထက်)
  • Honeymoon Room မှာ တစ်ညတာတည်းခိုခွင့် နဲ့အတူ နံနက်စာဘူဖေးသုံးဆောင်ခွင့် (လူဦးရေ ၃ဝဝ နှင့်အထက်) တို့ရရှိမှာဖြစ်ပါတယ်။