Rose Garden Hotel

weddings-at-the-Rose-Garden-Hotel-Yangon

Rose Garden Hotel

အမှတ်(၁၇၁)၊ အထက်ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။
01 371 992, 09 2634 40500, 09 264106805
info@theroseyangon.com
Visit Website
Visit Facebook Page

Rose Garden Hotel ရဲ့ အင်ကြင်းBallroom က လူ ၆ဝဝ ထိဆန့်ပြီး လူ ၃ဝဝ အထက်ဆိုရင် အခမဲ့ အသုံးပြုနိုင်ပါတယ်။ လူ ၃ဝဝ အောက်ဆိုရင်တော့ Ballroom အသုံးပြုခ တစ်နာရီကို ဒေါ်လာ ၃၅ဝ ပေးရမှာဖြစ်ပါတယ်။

Tea Reception Packages တွေကတော့…

  • မုန့် (၄) မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် – ၁၈,ဝဝဝ ကျပ်
  • မုန့် (၅) မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် – ၂ဝ,ဝဝဝ ကျပ်

(၂ဝ၁၇ ဈေးနှုန်းတွေဖြစ်လို့ အပြောင်းအလဲရှိနိုင်ပါတယ်)

ဝန်ဆောင်မှုတွေကတော့…

  • မင်္ဂလာခန်းမကို ၂နာရီကြာအသုံးပြုခွင့်
  • မင်္ဂလာမောင်နှံအတွက် အဝတ်စားလဲ၊ အလှပြင်ဖို့အခန်းအသုံးပြုခွင့်
  • မင်္ဂလာကိတ်လက်ဆောင်
  • မင်္ဂလာနောက်ခံစာသား (အင်္ဂလိပ်/မြန်မာ)
  • မင်္ဂလာစင်မြင့် အပြင်အဆင်၊ ပန်းတိုင်များ
  • မင်္ဂလာခန်းမ ပန်းအပြင်အဆင်၊ ကော်ဇောနီလျှောက်လမ်း
  • ထိုင်ခုံစွပ်အရောင် ရွေးချယ်နိုင်ခြင်း
  • မင်္ဂလာပွဲမတိုင်မီ အစားအသောက်များကြိုတင် မြည်းစမ်းကြည့်နိုင်ခြင်း
  • သတို့သား၊ သတို့သမီးအတွက် VIP Car Parking ထားရှိပေးခြင်း
  • နောက်ခံတေးသံသာ စီစဉ်ပေးခြင်း
  • မီးအလှပြင်ပေးခြင်း
  • ရေခဲပန်းပုလက်ဆောင်
  • မင်္ဂလာလျှောက်လမ်းအတွင်း တိမ်လွှာငွေ့များဖန်တီးပေးခြင်း
  • မင်္ဂလာပွဲနေ့မှာ ရန်ကုန်မြို့အတွင်းရှိ မင်္ဂလာမောင်နှံအိမ်သို့ဟိုတယ်မှကားအပို့စီစဉ်ပေးခြင်း
  • မင်္ဂလာမောင်နှံအတွက် Bamboo Executive Room မှာ တစ်ညတာတည်းခိုခွင့်ကို မင်္ဂလာလက်ဖွဲ့ပေးခြင်း၊ နံနက်စာအပြင် ဝိုင်တစ်ပုလင်းနဲ့ ချောကလက်လက်ဆောင် တို့ကိုရရှိမှာဖြစ်ပါတယ်။