IBC Hall

IBC Hall

အမှတ်(88)၊ ပြည်လမ်း၊ ၆မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
01 667133, 01 513482

(၂ဝ၁၉ ဈေးနှုန်းတွေဖြစ်ပါတယ်)

IBC Hall မှာ ဧည့်သည် ၃၈၀ ဝန်းကျင်ဧည့်ခံနိုင်ပါတယ်။ ဧည့်သည် ၃၀၀ နဲ့အထက်ဆိုရင် ခန်းမကို (၂)နာရီကြာ အခမဲ့အသုံးပြုခွင့် ရရှိမှာဖြစ်ပါတယ်။ ဧည့်သည် ၃ဝဝ အောက်ဆိုရင်တော့ ခန်းမအသုံးပြုခ ပေးရပါမယ်။

အကျွေးအမွေးအတွက် ရွေးချယ်စရာ (၂)မျိုးရှိပါတယ်။

  • မုန့် (၄) မျိုး၊ ကော်ဖီ/လက်ဖက်ရည်၊ ရေခဲမုန် – ၁၅၀၀၀ ကျပ်
  • ထောပတ်ထမင်းနှင့် ကြက်သားဟင်း၊ ဆိတ်သားဟင်း/ဒန်ပေါက်ထမင်း၊ ၊ ရေခဲမုန့် – ၁၈၀၀၀ ကျပ်

ဝန်ဆောင်မှုတွေအနေနဲ့…..

  • မိတ်ကပ်အလှပြင်၊ အဝတ်အစားလဲဖို့အခန်း
  • Ballroom အဝင်ဝကနေ မင်္ဂလာစင်မြင့်အထိ ကော်ဇောနီတလျှောက် လျှောက်လမ်းပန်းတိုင်များ
  • မင်္ဂလာစင်မြင့်ထက်မှာ စားပွဲတင်ပန်းအိုးအကြီးအိုး၊ ပန်းတိုင်၊ အခန်းအနားမှူးနေရာ ပန်းအပြင်အဆင်
  • စင်မြင့်နောက်ခံစာတန်း (အင်္ဂလိပ်/မြန်မာ)
  • မင်္ဂလာနောက်ခံတီးလုံး တို့ရရှိမှာဖြစ်ပါတယ်။