နှင်းဆီကုန်း ဘိုးဘွားရိပ်သာ

နှင်းဆီကုန်း ဘိုးဘွားရိပ်သာ

အမှတ်(21)၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
01 541796~7

(၂ဝ၁၉ ဈေးနှုန်းတွေဖြစ်ပါတယ်)

နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာ ဧည့်ခံပွဲကျင်းပဖို့ ခန်းမ ၃ခုရှိပါတယ်။ ဧည့်အယောက် ၄ဝဝ ဆန့်တဲ့ခန်းမကတော့ အဝင်အထွက်နဲ့ဆိုရင် ၄၅ဝ၊၅ဝဝလောက် ဧည့်ခံနိုင်ပြီး ပွဲထွက်အခမ်းအနား လုပ်ဖို့အဆင်ပြေပါတယ်။ ပဒေသာပင်အလှူငွေ သိန်း၂ဝ လှူရပါမယ်။ ဧည့် ၂ဝဝ ဆန့် ခန်းမကတော့ အဝင်အထွက်နဲ့ဆိုရင် ၂၅ဝ၊၃ဝဝလောက် ဧည့်ခံနိုင်ပါတယ်။ ပွဲထွက်လို့ရပြီး ပဒေသာပင်အလှူငွေ ၁၂သိန်းပါ။ ဧည့် ၈ဝ ဆန့် ခန်းမကတော့ အဝင်အထွက်နဲ့ဆိုရင် ၁ဝဝ ဝန်းကျင် ဧည့်ခံနိုင်ပြီး ပဒေသာပင်အလှူငွေ ၆သိန်းပါ။ မင်္ဂလာအချိန်တွေအနေနဲ့ မနက် (၁ဝနာရီ – ၁၂နာရီ) တစ်ချိန်၊ နေ့လည် (၃နာရီ – ၅နာရီ) တစ်ချိန် သတ်မှတ်ထားပါတယ်။

အကျွေးအမွေးအနေနဲ့ ထောပတ်ထမင်း၊ ဒံပေါက်ထမင်း၊ ကြက်ဆီထမင်း၊ ထမင်းဖြူနှင့် ဟင်း နှစ်သက်ရာရွေးချယ်နိုင်ပြီး ရေခဲမုန့်၊ ရေသန့်၊ tissue အပါအဝင် တစ်ယောက်ကုန်ကျစရိတ် ခန့်မှန်းခြေ ၃၅ဝဝ၊ ၄၅ဝဝ၊ ၅ဝဝဝ ကျပ်အစားစားရှိပါတယ်။ ၃၅ဝဝတန်ကတော့ ပွဲတခါတည်းပြင်ပြီး အသားဟင်းတမျိုး (ဟင်းလိုက်ပွဲမပါ)၊ ထမင်းအုပ်၊ အရံဟင်း၊ အရည်သောက်ပါပါတယ်။ ၄၅ဝဝတန်မှာ ကြက်သားနဲ့ ငါး၊ ၅ဝဝဝတန်မှာ ဆိတ်သားနဲ့ ငါး၊ ထမင်းအုပ်၊ ဆီပြန်ဟင်းလိုက်ပွဲ၊ အရံဟင်း၊ အရည်သောက်ပါပါတယ်။ နေ့လည်ပိုင်း မင်္ဂလာချိန်မှာဆိုရင် ကော်ဖီ၊ မုန့် ၃ မျိုးနဲ့ ရေခဲမုန့်ကို ခန့်မှန်းခြေ ၂၅ဝဝ ကျပ်ကျသင့်ပါတယ်။

မင်္ဂလာခန်းမအပြင်အဆင်၊ လျောက်လမ်းပန်းတိုင်၊ နောက်ခံစာသားရေးထိုးခြင်းတို့ကို ဝန်ဆောင်မှုပေးပါတယ်။ ဧည့်သည်တွေအတွက်သွားလာရလွယ်ကူတဲ့နေရာဖြစ်ပြီး ကားပါကင်လည်း အဆင်ပြေပါတယ်။