Super Dry Dehumidifier

Super Dry Dehumidifier

No.409, Ground Floor(A), Lower Pazundaung Road, 3rd Ward, Pazundaung Township, Yangon. (Near Pazundaung Ocean)
+95 9 40097 8494, +95 9 79935 0278
marketing.tsb.2012@gmail.com, customercare.tsb.2012@gmail.com
Visit Website
Visit Facebook Page

တူနှစ်ကိုယ်နေရမယ့် ပတ်ဝန်းကျင်ကို အမြဲ သန့်သန့်ရှင်းရှင်းလေး ရှိနေစေချင်သလား ?

ကိုယ်နေရမယ့်ပတ်ဝန်းကျင်လေး ခြောက်သွေ့သန့်ရှင်းနေလျှင် စိတ်ကြည်လင် လန်းဆန်းနေမှုက မလွဲသေချာရမှာ အမှန်ပါပဲ 💯

ဒါ့အပြင် ချစ်သူဘဝ ဖြတ်သန်းခဲ့စဉ်က အမှတ်တရသုံးခဲ့ဖူးတဲ့ ပစ္စည်းလေးတွေ၊ အသစ်အသစ် ထပ်တိုးလာတဲ့ ချစ်သက်လက်ဆောင်လေးတွေ သန့်ရှင်းခြောက်သွေ့ပီး ရေရှည်ခံမှသာလျှင်၊ တူနှစ်ကိုယ် အိမ်ထောင်သည်ဘဝ ဖြတ်သန်းကြတဲ့အခါမှာ SWEET MEMORY 💕 လေးတွေကို ချစ်သူနဲ့တူတူ ပြန်လည်ခံစားလို့ရမှာပါ။

ရာသီအပြောင်းအလဲကြောင့်(အထူးသဖြင့် မိုးတွင်း) မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာ ရေခိုးရေငွေ့များပြီး ၊ မိမိတို့ အမြတ်တနိုးတန်ဖိုးထားရတဲ့၊ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းတွေကို ရေငွေ့ရိုက်ခြင်းကြောင့် အသုံးအဆောင်များ စွန်းထင်းမှိုတက်ခြင်းတို့ ဖြစ်လာတတ်ပါတယ်။

ဒါတွေရဲ့နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ပတ်ဝန်းကျင်မှာ အနံ့အသက်မကောင်းခြင်း ၊ bacteria များပေါက်ဖွားခြင်းမှ အစပြု၍၊ အရေပြားယားယံခြင်း နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်လာရတတ်ပါတယ်။

ဒါဆိုရင်တော့ “Prevention is better than cure” ဆိုတဲ့အတိုင်း အထက်ပါပြဿနာတွေမဖြစ်ခင် ကြိုတင်တားဆီးဖို့ SUPER DRY DEHUMIDIFIER ရေငွေ့စုပ်ပစ္စည်းလေးတွေကို ဆောင်ထားပေးရတော့မှာပါ ✨

 

 

ရေငွေ့ဟာ မိမိတို့ ပတ်ဝန်းကျင်ကို ဘယ်လို အကျိုးသက်ရောက်စေလဲ ?

နေ့နှင့်ညမှာတောင် အပူချိန်ကွာဟမှုကြောင့် လေထုထဲမှာ ရေငွေ့ပါဝင်မှုနှုန်း(စိုထိုင်းဆ) အနည်းနဲ့အများရှိနေတတ်ပါတယ်။ လေဝင်လေထွက်ကောင်းသော နေရာတွေထက် အလုံပိတ်အခန်းများနှင့် အလုံပိတ်ဘူးများအတွင်းတွင် ချွေးကျပြီးအတွင်းရှိအဝတ်၊ အိတ်၊ ဖိနပ် စသည်တို့ကိုမှိုစွဲပြီး ပစ္စည်းရဲ့မူလအရည်အသွေး ကျဆင်းတာတွေ ဖြစ်လာပါတော့တယ်။

 

ရေငွေ့ ရိုက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေကို ဘယ်လိုကာကွယ်မလဲ ?

မှိုစွဲနေတဲ့အိတ်နဲ့ ဖိနပ်အစရှိတာတွေကို သန့်ရှင်းရေးပြန်လုပ်ရတဲ့အခါ အစွန်းတွေ၊ အညစ်အကြေးတွေကိုချွတ်ဖို့ အာရုံစားရတာအမှန်ပါပဲ။
ဒီတော့ ရေငွေ့တွေကို စုပ်ယူပေးမယ့် SUPER DRY DEHUMIDIFIER ရေငွေ့စုပ်ပစ္စည်းကို သုံးပေးလိုက်မယ်ဆိုရင် ကြိုတင်ကာကွယ်ပြီးသားလည်း ဖြစ်သွားမှာပါ။ 🌟

ဒါဆို SUPER DRY DEHUMIDIFIER ဆိုတာ ဘာလဲ? ဘာကြောင့်သုံးသင့်တာလဲ?

SUPER DRY DEHUMIDIFIER ဆိုတာ machine မဟုတ်ဘဲ calcium chloride နဲ့ အဓိကပြု လုပ်ထားတဲ့ ရေငွေ့စုပ်ပစ္စည်းဖြစ်ပါတယ်။ အထက်မှာပြောခဲ့တဲ့အတိုင်း ရေငွေ့ကြောင့်ဖြစ်တဲ့ ပြဿနာတွေမကြုံရအောင် ကြိုတင်ကာကွယ်ရန်အတွက် အိမ်တိုင်းမှာ မရှိမဖြစ်သုံးသင့်တဲ့ပစ္စည်းလေးဖြစ်ပါတယ်။

 

ပထမဆုံး SUPER DRY DEHUMIDIFIER ရေငွေ့ စုပ်ပစ္စည်းရဲ့ အဓိကအားသာချက်တွေကတော့ 💫

1. ရေငွေ့ကို အထုတ်၏ မူလအလေးချိန်ထက် ၃ဆ အထိ စုပ်ယူပေးနိုင်ခြင်း။
2. တခြားသော Silica Gel ရေငွေ့စုပ်ပစ္စည်းများနှင့်ယှဥ်လျှင် ၁၀ ဆ ပိုမိုစုပ်ယူနိုင်ခြင်း ။
3. စုပ်ယူထားသည့်ရေငွေ့ကို Gel အဖြစ်သို့ပြောင်းလဲပေးသည့်အပြင် နှစ်လွှာထုပ်ပိုးထားသည့်အတွက် အရည်ယိုစိမ့်ဖိတ်ကျမှု လုံးဝမရှိခြင်း။
4. အသုံးပြုသူများအတွက် ဘေးဥပါဒ်မဖြစ်စေဘဲ Environmental Friendly ဖြစ်ခြင်း နှင့်
5. ပတ်ဝန်းကျင်အနေအထား၊ ရာသီဥတုပေါ်မူတည်ပြီး အနည်းဆုံး ၂လ နှင့်အထက် အသုံးပြုနိုင်ပါသည်။

 

 

SUPER DRY ရေငွေ့စုပ်ပစ္စည်း သုံးခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့

– မှိုတက်ခြင်းကြောင့် ဖြစ်လာမည့်အစွန်းအထင်းများ နှင့်
– အနံ့ဆိုးများကို မဖြစ်လာအောင်ကာကွယ်ပေးလို့
– အရေပြားနှင့် ပါတ်သက်လျှင် sensitive ဖြစ်သူတွေ၊
– အသားအရေနုနယ်တဲ့ သားသားမီးမီးလေးတွေအတွက် အထူးသင့်လျော်ပါသည်။

 

SUPER DRY DEHUMIDIFIER ရေငွေ့စုပ်ပစ္စည်း အသုံးပြု ပုံ၊ အသုံးပြုနည်း

သုံးစွဲလိုတဲ့နေရာရဲ့ အနီးတစ်ဝိုက်မှာ ချိတ်ဆွဲ၍သော်လည်းကောင်း၊ ကိုယ်ထည့်ချင်သော ပစ္စည်းအတွင်းသို့ ထည့်သွင်း၍ သော်လည်းကောင်း လွယ်ကူအဆင်ပြေစွာ သုံးစွဲနိုင်ပါသည်။

 

 

SUPER DRY DEHUMIDIFIER ရေငွေ့စုပ်ပစ္စည်းလေး အသုံးပြုတော့မယ်ဆိုရင် သတိထားရမယ့် အချက်များ

  • ချုပ်ရိုးဘက်ခြမ်းမှ ရေငွေ့ မစုပ်ပါ။
  • အရာဝတ္ထုတွေရဲ့ကြား မညှပ်ရပါ။
  • ရေငွေ့စုပ်နိုင်ရန် အနည်းဆုံး 1cm-2cm နေရာလွတ်ထားပေးပါ။
  • ရေငွေ့ကိုစုပ်ယူနိုင်သော မျက်နှာပြင်ကို ကွယ်ထားခြင်း / အုပ်ထားခြင်း ရှောင်ကျဉ်ပါ ။

မိမိတို့ပတ်ဝန်းကျင်မှာ မှိုစွဲကပ်နိုင်တဲ့ နေရာလေးတွေကရော ဘယ်လိုနေရာတွေဖြစ်မလဲ ?

  • ကြိတ်သား၊ သစ်သား၊ ကြိမ်၊ ဝါးနှင့် ဗေဒါနှင့်ပြု လုပ်ထားသော ပရိဘောဂ အသုံးအဆောင်များ
  • သားရေနှင့် ပြုလုပ်ထားသော လက်ကိုင်အိတ် / ခရီးဆောင်အိတ်များ
  • ဖိနပ်
  • ကင်မရာနှင့် ကင်မရာအိတ်များ
  • အဝတ်အစားများ
  • ငွေစက္ကူ
  • ကားအတွင်းခန်း
  • ကလေးအသုံးအဆောင်ပစ္စည်းများ / မွှေးပွအရုပ်များ
  • အလုံပိတ် အခန်းများ
  • ကြိုးတပ် Guitar များ (ဂီတ တူရိယာများ)

 

 

မှိုစွဲကပ်လာပြီဆိုရင်လည်း ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ? ဘယ်လိုသိမ်းဆည်းပေးရမလဲ ?

ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး သန့်ရှင်းရေး နည်းလမ်းတွေ ကွဲပြားကြပါတယ်။
ဥပမာအနေနဲ့ – လက်ကိုင်အိတ်ဆိုရင်တော့ အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ပေးရမှာပဲဖြစ်ပါတယ် ။ နောက်ဆုံးအနေနဲ့ SUPER DRY DEHUMIDIFIER အထုပ်လေးကို ထည့်ပြီး သိမ်းဆည်းပေးမယ်ဆိုရင် ကိုယ့်ရဲ့အဖိုးတန် ပစ္စည်းလေးတွေ ရေရှည်သုံးစွဲနိုင်ပြီပေါ့ ။

 

ဒါဆို Wedding Reception လေးပြီးသွားရင် စုံတွဲတွေရဲ့ သတို့သား သတို့သမီးဝတ်စုံနှင့် အသုံးအဆောင်ပစ္စည်း လေးတွေကို သားသား မီးမီးတို့ခေတ်အထိ အမှတ်တရလေးတွေ ထုတ်ကြွားချင်သေးတယ်ဆိုရင်၊ ရေရှည်ခံဖို့အတွက် SUPER DRY DEHUMIDIFIER ရေငွေ့စုပ်ပစ္စည်းလေးနဲ့ သိမ်းထားကြရအောင်နော်။

 

SUPER DRY DEHUMIDIFIER ရေငွေ့စုပ်ပစ္စည်းလေးတွေကို ဒီနေရာတွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီနော်

 

မိမိတန်ဖိုးထားရသော ပစ္စည်းလေးတွေ ခြောက်သွေ့သန့်ရှင်းနေအောင် SUPER DRY DEHUMIDIFIER ရေငွေ့စုပ်ပစ္စည်းကိုဆောင်

 

 



Other Listings