Hotel နီးပါးအဆင့်မြင့်ပြီးတော့၊ ဈေးနှုန်းအသင့်အတင့်နဲ့ ဝန်ဆောင်မှုကောင်းမွန်တဲ့၊ သွားရေးလာရေး အချက်အချာကျတဲ့ မင်္ဂလာခန်းမတစ်ခုကို ရှာနေတယ်ဆိုရင် CBC Ballroom ကိုညွှန်းချင်ပါတယ်။ Co-operative Business Center ရဲ့ ၅လွှာမှာတည်ရှိတဲ့ CBC Ballroom မှာဆိုရင် ဧည့်သည် ၃၅ဝ ဝန်းကျင်ဧည့်ခံနိုင်ပါတယ်။ ဧည့်သည် ၂ဝဝ နဲ့အထက်ဆိုရင် ခန်းမကို (၂)နာရီကြာ အခမဲ့အသုံးပြုခွင့် ရရှိမှာဖြစ်ပါတယ်။  ဧည့်သည် ၂ဝဝ အောက်ဆိုရင်တော့ ခန်းမအသုံးပြုခ ပေးရပါမယ်။

အကျွေးအမွေးအတွက် ရွေးချယ်စရာမုန့်တွေများပြားပြီး မုန့်အရေအတွက်နဲ့ အမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းအစားစားရှိပါတယ်။

  • Package(A)  မုန့် (၃) မျိုး၊ ကော်ဖီ/လက်ဖက်ရည်၊ ရေခဲမုန့်
  • Package(B)  မုန့် (၄) မျိုး၊ ကော်ဖီ/လက်ဖက်ရည်၊ ရေခဲမုန့်
  • Package(C)  ထောပတ်ထမင်း/ဒန်ပေါက်ထမင်း/ ကြက်ဆီထမင်း၊ ရေခဲမုန့်

ဝန်ဆောင်မှုတွေအနေနဲ့…..

  • မိတ်ကပ်အလှပြင်၊ အဝတ်အစားလဲဖို့အခန်း
  • Ballroom အဝင်ဝကနေ မင်္ဂလာစင်မြင့်အထိ ကော်ဇောနီတလျှောက် လျှောက်လမ်းပန်းတိုင် (၈)တိုင်
  • မင်္ဂလာစင်မြင့်ထက်မှာ စားပွဲတင်ပန်းအိုးအကြီး (၁)အိုး၊ ပန်းတိုင် (၄)တိုင်၊ အခန်းအနားမှူးနေရာ ပန်းအပြင်အဆင်
  • စင်မြင့်နောက်ခံစာတန်း (အင်္ဂလိပ်/မြန်မာ)
  • မင်္ဂလာကိတ်
  • မင်္ဂလာနောက်ခံတီးလုံး
  • ရွှေပြည် Resort (သို့) KMA Hotel Group ရဲ့ အင်းလေး၊ ပုဂံ၊ နေပြည်တော်၊ တောင်ငူ၊ သံတောင်မှာရှိတဲ့ Hotel တွေထဲက နှစ်သက်ရာ Hotel မှာ မင်္ဂလာမောင်နှံအတွက် တစ်ညတာတည်းခိုခွင့်၊  နံနက်စာသုံးဆောင်ခွင့် ရရှိမှာဖြစ်ပါတယ်။ မင်္ဂလာပွဲနေ့ကနေစပြီး ၃လအတွင်း အကျုံးဝင်ပါတယ်။

စိတ်ပါဝင်စားတဲ့သူတွေအနေနဲ့ အသေးစိတ်စုံစမ်းချင်ရင်တော့ Phone: 401480~87, 557634, 542874 (Extension – 3022)  Hot Line : 09 44 55 66 036 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မင်္ဂလာခန်းမကို ကိုယ်တိုင်သွားရောက်လေ့လာချင်ရင်တော့ CBC Ballroom ရဲ့တည်နေရာက.. ၅လွှာ၊ Co-operative Business Center၊ တက္ကသိုလ်ရိပ်သာလမ်းသစ်လမ်းနှင့် ဆရာစံလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

 

Promotion Text

ဝါလကင်းလွတ် သီတင်းကျွတ်ရင် မင်္ဂလာရွှေလက်တွဲဖို့ စီစဉ်နေကြတဲ့ ချစ်သူစုံတွဲလေးတွေအတွက် 👩‍❤️‍💋‍👨 စိတ်ကူးထဲက နေ့ရက်လေး တစ်ရက်ကို ပြီးပြည့်စုံစေဖို့ တက္ကသိုလ်ရိပ်သာ လမ်းသစ်လမ်းနဲ့ဆရာစံ လမ်းထောင့်မှာ ရှိတဲ့ ခမ်းနားကျယ်ဝန်းလှပတဲ့ CBC မင်္ဂလာခန်းမကြီး က ကြိုဆိုနေပါတယ်။💫💃🕺🤵👰

Hotel standard များနဲ့ တူညီ ဝန်ဆောင်မှုပေးတဲ့ service ၀န်ထမ်းများရှိတဲ့အတွက် CBC Ballroom မှာ မင်္ဂလာပွဲတစ်ပွဲကို ပြီးပြည့်စုံပြီး ဧည့်သည်များ စိတ်ချမ်းမြေ့ စိတ်တိုင်းကျစေမယ့် ၀န်ဆောင်မှုတွေ အပြည့် ရှိပါတယ်။

လူဦးရေ (၂၀၀) နဲ့ အထက်အတွက် Package လေးတွေ စီစဉ်ပေးထားလို့ နှစ်သက်ရာ ဈေးနှုန်းနဲ့ Wedding package လေးကို စိတ်ကြိုက် ရွေးချယ် လိုက်ပါနော်….😍😍
Wedding Package ဈေးနှုန်းလေးတွေကတော့ –

💓Gold Package – လူတစ်ဦးလျှင် ၇၀၀၀ ကျပ် ( မုန့် ၃ မျိုး၊ ကော်ဖီ/လက်ဖက်ရည်၊ ရေခဲမုန့်)
💗Platinum Package – လူတစ်ဦးလျှင် ၈၀၀၀ ကျပ် ( မုန့် ၄ မျိုး၊ ကော်ဖီ/လက်ဖက်ရည်၊ ရေခဲမုန့်)
💖Diamond Package – လူတစ်ဦးလျှင် ၁၀၀၀၀ ကျပ် ( ဒံပေါက်/ ထောပတ်ထမင်း/ ကြက်ဆီထမင်း၊ ရေခဲမုန့် )
တို့ဖြစ်ပါတယ်။

Packageထဲ မှာ ပါဝင်တဲ့ အထူးဝန်ဆောင်မှုတွေကတော့-👇👇
– မင်္ဂလာခန်းမကျယ်ကြီးကို (၂) နာရီအသုံးပြုခွင့်၊
– လျှောက်လမ်းပန်းတိုင်များ နှင့် ပန်းအလှဆင်ပေးခြင်း၊
– မင်္ဂလာစင်မြင့်နှင့် မင်္ဂလာစားပွဲတွင် ပန်းအလှဆင်ပေးခြင်း၊
– မြန်မာ (သို့) အင်္ဂလိပ် ဘာသာဖြင့် နောက်ခံ စာလုံးများ ရေးပေးခြင်း၊
– မင်္ဂလာတေးသံသာများ ဖွင့်ပေးခြင်း၊
– သတို့သား သတို့သမီးတို့အတွက် မိတ်ကပ်အလှပြင်ခန်း၊
– မင်္ဂလာလျှောက်လမ်းတလျောက် ကောဇောနီခင်းပေးခြင်း၊
– မင်္ဂလာကိတ်မုန့် လက်ဆောင်ပေးခြင်း၊
– Aircon နှင့် Lighting Arrangement တို့ပါဝင်ပါတယ်…….

CBC Ballroom မှာ မင်္ဂလာဆောင်နှင်းကြမဲ့ မောင်နှံတွေအတွက် အထူး အစီအစဉ် အနေနဲ့ ဟန်းနီးမွန်း လက်ဆောင် ပေးဦးမှာပါ။
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
😍 ရန်ကုန်နဲ့ မနီးမဝေးက အရမ်းလှပြီး Romantic ဆန်တဲ့ ရွှေပြည် Resort က ဘန်ဂလိုလေးမှာ တည်းမလား၊
👫👒👜 ပုဂံဘုရားစုံဖူးပြီး တူတူလျှောက်လည်ရအောင် ပုဂံဟိုတယ်မှာ ပဲတည်းမလား၊
👩‍❤️‍💋‍👨 နတ်သျှင်နောင်နဲ့ ဓာတုကလျာတို့ရဲ့ ချစ်ဇာတ်လမ်းလေးရှိတဲ့ အရမ်းခမ်းနားတဲ့ တောင်ငူက တော်ဝင်ကေတုမတီ ဟိုတယ်ကို သွားချင်လား…
ဘ၀တသက်တာမှာ အမြဲအမှတ်တရဖြစ်စေမဲ့ ဟန်းနီးမွန်း Package လေးစီစဉ်ပေးမှာပါ…
🚗🛏️🥂🍾ကြင်စဦးမောင်နှံတွေ ရွေးချယ်လိုက်တဲ့ ဟိုတယ်ရဲ့ မင်္ဂလာအခန်းလေးမှာ မနက်စာအပါအ၀င် (၁) ညတာ တည်းခိုခွင့် ပေးမှာပါနော်..
အထူးအခွင့်အရေးအနေနဲ့သြဂုတ်လ (၃၁) ရက်နေ့အတွင်းမှာ Booking လုပ်တဲ့ Couple တွေ အတွက် စုစုပေါင်း ကုန်ကျစရိတ်ရဲ့ 15% 😲😲😍 ကြီးများတောင် ထပ်လျှော့ပေးဦးမှာမို့ အမြန်ဆုံး Booking တင်လိုက်ကြတော့နော်..

မင်္ဂလာပွဲအတွက် အသေးစိတ်စုံစမ်းသိရှိချင်ရင်တော့
🤙🤙09 44 55 66 036, 01 401480 ~ 87 Ext: 3022 ကို ဆက်သွယ် နိုင်ပါ တယ်။
လိပ်စာလေးကတာ့
Cooperative Business Centre (ဗဟိုသမ၀ါယမအဆောက်အဦး – ယခင် ဆရာစံပလာဇာ)၊ (၅)လွှာ၊ ဆရာစံလမ်းနဲ့ တက္ကသိုလ် ရိပ်သာလမ်းသစ်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

💫” ချစ်သူတိုင်း မင်္ဂလာရွှေလက်တွဲပြီး သက်ဆုံးတိုင် အတူပေါင်းဖက်နိုင်ကြပါစေ”