Gandamar Grand Ballroom

Gandamar Grand Ballroom

Gandamar Wholesale တတိယထပ် ၊ ဝေဇယန္တာလမ်းနှင့် ဂန္တမာလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
01 657834, 01 657311, 09 782096943

Gandamar Ballroom မှာ ဧည့်သည် ၁၂ဝဝ ဝန်းကျင်အထိဧည့်ခံနိုင်ပါတယ်။ ဧည့်သည် ၃ဝဝ နဲ့အထက်ဆိုရင် ခန်းမကို (၂)နာရီကြာ အခမဲ့အသုံးပြုခွင့် ရရှိမှာဖြစ်ပါတယ်။  ဧည့်သည် ၃ဝဝ အောက်ဆိုရင်တော့ ခန်းမအသုံးပြုခ ပေးရပါမယ်။

အကျွေးအမွေးအတွက် ရွေးချယ်စရာမုန့်တွေများပြားပြီး မုန့်အရေအတွက်နဲ့ အမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းအစားစားရှိပါတယ်။

  • မုန့် (၃) မျိုး၊ ကော်ဖီ/လက်ဖက်ရည်၊ ရေခဲမုန့်ကိတ် – ၁၃၅ဝဝ ကျပ်
  • မုန့် (၄) မျိုး၊ ကော်ဖီ/လက်ဖက်ရည်၊ ရေခဲမုန့်ကိတ် – ၁၄၅ဝဝ ကျပ်
  • မုန့် (၅) မျိုး၊ ကော်ဖီ/လက်ဖက်ရည်၊ ရေခဲမုန့်ကိတ် – ၁၅၅ဝဝ ကျပ်
  • Dim Sum (၅) မျိုး ၊ ကော်ဖီ/လက်ဖက်ရည်၊ ရေခဲမုန့် – ၁၆၅ဝဝ ကျပ်
  • ထောပတ်ထမင်း/ဒန်ပေါက်ထမင်း/ကြက်ဆီထမင်း၊ ရေခဲမုန့် – ၁၅၅ဝဝ ကျပ်

ဝန်ဆောင်မှုတွေအနေနဲ့…..

  • မိတ်ကပ်အလှပြင်၊ အဝတ်အစားလဲဖို့အခန်း
  • Ballroom အဝင်ဝကနေ မင်္ဂလာစင်မြင့်အထိ ကော်ဇောနီတလျှောက် လျှောက်လမ်းပန်းတိုင်များ
  • မင်္ဂလာစင်မြင့်ထက်မှာ စားပွဲတင်ပန်းအိုးအကြီးအိုး၊ ပန်းတိုင်၊ အခန်းအနားမှူးနေရာ ပန်းအပြင်အဆင်
  • စင်မြင့်နောက်ခံစာတန်း (အင်္ဂလိပ်/မြန်မာ)
  • မင်္ဂလာနောက်ခံတီးလုံး တို့ ပါဝင်ပါတယ်။

ကားပါကင်ကျယ်ဝန်းပါတယ်။