CBC Ballroom

CBC Ballroom

CBC Ballroom

၅လွှာ၊ Co-operative Business Center၊ တက္ကသိုလ်ရိပ်သာလမ်းသစ်လမ်းနှင့် ဆရာစံလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
401480~87, 557634, 542874 (Extension - 3022) Hot Line : 09 44 55 66 036
sales@kmahotels.com
Visit Website
Visit Facebook Page

Hotel နီးပါးအဆင့်မြင့်ပြီးတော့၊ ဈေးနှုန်းအသင့်အတင့်နဲ့ ဝန်ဆောင်မှုကောင်းမွန်တဲ့၊ သွားရေးလာရေး အချက်အချာကျတဲ့ မင်္ဂလာခန်းမတစ်ခုကို ရှာနေတယ်ဆိုရင် CBC Ballroom ကိုညွှန်းချင်ပါတယ်။ Co-operative Business Center ရဲ့ ၅လွှာမှာတည်ရှိတဲ့ CBC Ballroom မှာဆိုရင် ဧည့်သည် ၃၅ဝ ဝန်းကျင်ဧည့်ခံနိုင်ပါတယ်။ ဧည့်သည် ၂ဝဝ နဲ့အထက်ဆိုရင် ခန်းမကို (၂)နာရီကြာ အခမဲ့အသုံးပြုခွင့် ရရှိမှာဖြစ်ပါတယ်။  ဧည့်သည် ၂ဝဝ အောက်ဆိုရင်တော့ ခန်းမအသုံးပြုခ ပေးရပါမယ်။

အကျွေးအမွေးအတွက် ရွေးချယ်စရာမုန့်တွေများပြားပြီး မုန့်အရေအတွက်နဲ့ အမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းအစားစားရှိပါတယ်။

  • Gold Package – မုန့် (၃) မျိုး၊ ကော်ဖီ/လက်ဖက်ရည်၊ ရေခဲမုန့် (လူတစ်ဦးလျှင် ၇ဝဝဝ ကျပ်)
  • Platinum Package – မုန့် (၄) မျိုး၊ ကော်ဖီ/လက်ဖက်ရည်၊ ရေခဲမုန့် (လူတစ်ဦးလျှင် ၈ဝဝဝ ကျပ်)
  • Diamond Package – ထောပတ်ထမင်း/ဒန်ပေါက်ထမင်း/ ကြက်ဆီထမင်း၊ ရေခဲမုန့် (လူတစ်ဦးလျှင် ၁ဝဝဝဝ ကျပ်)

(၂ဝ၁၉ မေလအထိ ဈေးနှုန်းတွေဖြစ်ပါတယ်)

Package ထဲမှာပါဝင်တဲ့ အထူးဝန်ဆောင်မှုတွေကတော့…..

  • မင်္ဂလာခန်းမကျယ်ကြီးကို (၂) နာရီအသုံးပြုခွင့်
  • မိတ်ကပ်အလှပြင်၊ အဝတ်အစားလဲဖို့အခန်း
  • Ballroom အဝင်ဝကနေ မင်္ဂလာစင်မြင့်အထိ ကော်ဇောနီတလျှောက် လျှောက်လမ်းပန်းတိုင် (၈)တိုင်
  • မင်္ဂလာစင်မြင့်ထက်မှာ စားပွဲတင်ပန်းအိုးအကြီး (၁)အိုး၊ ပန်းတိုင် (၄)တိုင်၊ အခန်းအနားမှူးနေရာ ပန်းအပြင်အဆင်
  • စင်မြင့်နောက်ခံစာတန်း (အင်္ဂလိပ်/မြန်မာ)
  • မင်္ဂလာကိတ်
  • မင်္ဂလာနောက်ခံတီးလုံး
  • Aircon နှင့် Lighting Arrangement
  • ရွှေပြည် Resort (သို့) KMA Hotel Group ရဲ့ အင်းလေး၊ ပုဂံ၊ နေပြည်တော်၊ တောင်ငူ၊ သံတောင်မှာရှိတဲ့ Hotel တွေထဲက နှစ်သက်ရာ Hotel မှာ မင်္ဂလာမောင်နှံအတွက် တစ်ညတာတည်းခိုခွင့်၊  နံနက်စာသုံးဆောင်ခွင့် ရရှိမှာဖြစ်ပါတယ်။ မင်္ဂလာပွဲနေ့ကနေစပြီး ၃လအတွင်း အကျုံးဝင်ပါတယ်။

စိတ်ပါဝင်စားတဲ့သူတွေအနေနဲ့ အသေးစိတ်စုံစမ်းချင်ရင်တော့ Phone: 401480~87, 557634, 542874 (Extension – 3022)  Hot Line : 09 44 55 66 036 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

မင်္ဂလာခန်းမကို ကိုယ်တိုင်သွားရောက်လေ့လာချင်ရင်တော့ CBC Ballroom ရဲ့တည်နေရာက.. ၅လွှာ၊ Co-operative Business Center၊ တက္ကသိုလ်ရိပ်သာလမ်းသစ်လမ်းနှင့် ဆရာစံလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။