မင်္ဂလာသတို့သမီးများအကြား ရေပန်းစားနေတဲ့ မိတ်ကပ်ပညာရှင်များ

Published on  September 2018

popular weddng makeup artists

မေဦး (Magic)

မိတ်ကပ်ပါးပါးနဲ့ သဘာဝကျအောင်ပြင်တတ်တဲ့နေရာမှာ မေဦးကတော့ ဆရာတစ်ဆူပါပဲ။ မေဦးရဲ့ ပြင်ဆင်မှုအများစုက ဗိုလ်ဆန်ဆန်နဲ့ ပင်ကိုယ်အလှကို ပိုပြီးပေါ်လွင်စေတာကြောင့် မိတ်ကပ်ထူထူမကြိုက်ပဲ သဘာဝကျကျလှချင်တဲ့ သတို့သမီးတွေနဲ့ ကွက်တိပါပဲ။ မြန်မာထိုင်မသိမ်းရော၊ အနောက်တိုင်းဝတ်စုံနဲ့ပါ လိုက်ဖက်အောင်ပြင်ဆင်တတ်တာမို့ မေဦးနဲ့မှပြင်ချင်တယ်ဆိုတဲ့ သတို့သမီးတွေလဲ တန်းစီလို့ပါပဲ။

Address: အမှတ်(၄၄ဝ)၊ မြေညီထပ်၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့။
Phone: 09 250011811, 09 5098413, 09 73210556

may oo makeup

may oo makeup

may oo makeup

 

 

ဒီဇင်ဘာနှင်း

မြန်မာထိုင်မသိမ်းနဲ့ လိုက်ဖက်တဲ့ မြန်မာဆန်ဆန်ကျော့ရှင်းတဲ့မိတ်ကပ်နဲ့ သပ်ရပ်တဲ့ဆံထုံးအပြင်အဆင်မှာတော့ ဒီဇင်ဘာနှင်းက လူကြိုက်များပါတယ်။ မိတ်ကပ်လောကမှာ ဝါရင့်သမ္ဘာရင့်တစ်ယောက်ဖြစ်တာကြောင့် သူရဲ့ပြင်ဆင်မှုတိုင်းဟာ တော်တော်လေး သေသပ်လှပပြီး သတို့သမီးတွေအတွက် ကျက်သရေရှိတဲ့ အသွင်အပြင်မျိုးကိုရရှိစေမှာပါ။

Address: အမှတ်(၁၂၇/၁၂၉) ၇လွှာ၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့။
Phone: 09 73191110, 09 5091110

december hnin makeup

december hnin makeup

december hnin makeup

 

 

မေဦးမောင် (တော်ဝင်သူ)

သဘာဝကျကျနဲ့ ပင်ကိုယ်အလှကို တောက်ပပေါ်လွင်စေတဲ့ အပြင်အဆင်တွေကြောင့် သတို့သမီးလေးတွေ အကြိုက်တွေ့တဲ့ ဝါရင့်မိတ်ကပ်ပညာရှင်တစ်ဦးပါ။ မေဦးမောင်ရဲ့မိတ်ကပ်ဖန်တီးမှုတွေက နန်းဆန်ပြီး မြန်မာထိုင်မသိမ်းနဲ့ အလွန်လိုက်ဖက်တယ်လို့ နာမည်ကြီးပါတယ်။

Address: အမှတ်(၁၉၂)၊ ၂၈လမ်း(အထက်)၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
Phone: 01 385385, 09 5160011

may oo maung makeup

may-oo-maung-makeup-3

may oo maung makeup

 

 

Vivian (Taiwan)

Vivian ရဲ့ ပြင်ဆင်မှုတွေက တရုတ်ရိုးရာဝတ်စုံ၊ အနောက်တိုင်းဝတ်စုံများနဲ့ အရမ်းကိုလိုက်ဖက်ပါတယ်။ မိတ်ကပ်ကို နုနုလှလှလေးနဲ့ သဘာဝကျအောင်ပြင်ဆင်ပေးလေ့ရှိပြီး ဆံပင်ကိုလဲ လူငယ်ဆန်ဆန်ပုံစံလေးတွေ၊ ကျစ်ဆံမြီးဆံထုံး ကပိုကယိုလေးတွေကို ပြင်ဆင်ထုံးဖွဲ့တဲ့နေရာမှာ အရမ်းကိုပိုင်နိုင်ပါတယ်။

Address: အမှတ်(၁၇၄)၊ ၄၉လမ်း(အထက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
Phone: 09 261728886, 01 292396

vivian makeup

vivian makeup